ဂျေရုဆလင်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ရွေးကောက်ပွဲ၏ တရားဝင်မဲရလဒ်များကို ဧပြီ ၁၁ရက်ညပိုင်းက ထုတ်ပြန်ခဲ့ရာ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) ၏ပါတီက အဓိက ပြိုင်ဘက် Blue and White ပါတီကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဟိုချီမင်းစီးတီး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ ဟိုချီမင်းစီးတီး၊ Tu Du ဆေးရုံတွင် ပထမဆုံးမိခင်နို့ရည်ဘဏ် ကဧပြီလ ၁၀ရက်တွင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံက Brexit ကာလကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း နာရီနှင့်ချီ တံခါးပိတ်ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဥရောပကောင်စီဥက္ကဋ္ဌ Donald Tuskက ဧပြီ ၁၁ ရက် ညပိုင်းတွင် ကျင်းပသည့် သတင်းစာ...
အူလန်ဘာတာ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) မွန်ဂိုလီယားနိုင်ငံအစိုးရသည် ဂျင်ဂစ်ခန်းဘုရင်ရှာဖွေဖော်ထုတ်ရေးဆိုင်ရာ လွတ်လပ်သောသုတေသနဌာနတစ်ခုကို ဖွင့်လှစ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း အစိုးရပြန်ကြာရေးရုံး၏ ပြောကြားချက်ကိုကိုးကား၍ ပြည်တွင်းမီဒီယာက ယနေ့ဧပြီ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အိန္ဒိယ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ၏ အထွေထွေရွေးကောက်ပွဲ ပထမအဆင့် ကို ဧပြီလ ၁၁ ရက် နေ့ နံနက်ပိုင်းတွင် စတင်ခဲ့ပြီး ် ရက်ပေါင်း ၃၉ ရက် အတွင်းကွဲပြား သည့် ရွေးကောက်ပွဲအဆင့် ၇ ဆင့် ဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း...
လီမာ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ သမ္မတဟောင်း Pedro Pablo Kuczynski အား အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ဧပြီ ၁၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းသတင်းက ဖော်ပြခဲ့သည်။
ဖနွမ်းပင် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယား နိုင်ငံက တရုတ်နိုင်ငံသို့ယခုနှစ် ပထမ သုံးလပတ် အတွင်း ဆန်တန်ချိန် ၇၅,၂၁၄ မက်ထရစ် တန် တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၅၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဧပြီ ၁၀ ရက်တွင် တရားဝင်...
ချီကာဂို၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့ မြို့လယ်ခေါင် အနီးရှိ လမ်းမတစ်ခုပေါ်တွင် ဧပြီ ၁၀ ရက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ တစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်ကိုကိုးကား၍ ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာတရုတ်အမြဲတမ်းကိုယ်စားလှယ်က တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံနှင့်အတူပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၁ဝ ရက်တွင်ပြောကြားခဲ့သည်။