Connect with us

International Organizations

၂၀၂၁ ခုနှစ် ကမ္ဘာ့ ထိပ်တန်းသတင်းများ

ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည် နိုင်ငံတကာသတင်းကြီး ၁၀ ခုကို ဆင်ဟွာ သတင်းဌာနမှ စုစည်းရွေးချယ်တင်ပြလိုက်ပါသည်။(၁) အမေရိကန်လွှတ်တော် အဓိကရုဏ်းက “အမေရိကန်ပုံစံ ဒီမိုကရေစီ”စိတ်ကူးပုံရိပ်ကို ပျက်စီးစေခဲ့ဇန်နဝါရီ ၆ ရက်တွင် အမေရိကန်လွှတ်တော် အဆောက်အဦကို သမ္မတ ထရမ့် ထောက်ခံသူများက အစုလိုက်အပြုံလိုက် စီးနင်းဝင်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အဓိကရုဏ်ဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။ အဓိကရုဏ်းဖြစ်ပွားရခြင်း ရည်ရွက်ချက်က အမေရိကန်သမ္မတအာဏာကို စနစ်တကျလွှဲပြောင်းပေးခြင်းအား အကြမ်းဖက်နည်းလမ်းဖြင့် တားဆီးရန် ဖြစ်သည်။ ယင်းဖြစ်ရပ်ကို အမေရိကန်သမိုင်းတွင် သက်ရောက်မှုအနက်ရှိုင်းဆုံးဖြစ်သည့် ဒေသတွင်းအကြမ်းဖက်အစွန်းရောက်ကိစ္စတစ်ခုအဖြစ် ရှုမြင်ခြင်းခံခဲ့ရသည်။ သွေးသံရဲရဲအကြမ်းဖက်မှုက အမေရိကန်၏အမြင့်ဆုံးနိုင်ငံ့ရေးရာခန်းမကြီးတွင် ဖြစ်ပွားခဲ့သည့်အပေါ် တစ်ကမ္ဘာလုံးက အံအားသင့်ခဲ့ကြသည်။ အမေရိကန် လူမှုအသိုက်အဝန်းကွဲပြဲမှုများ၏ ကွာဟချက် ထင်းရှားစေခဲ့သလို “အမေရိကန်ပုံစံ ဒီမိုကရေစီ”စိတ်ကူးပုံရိပ်ကို ပျက်စီးစေခဲ့သည်။ အမေရိကန်နိုင်ငံရေးသမားများက မိမိ၏အကျိုးစီးပွားကို အဆုံးစွန်ပုံကြီးချဲ့ရန်အတွက် “အမေရိကန်ပုံစံ ဒီမိုကရေစီ”ကို ပြည်သူလူထုလှုံ့ဆော်အသုံးချကိရိယာအဖြစ် အသုံးချကြမှုအား အများက ပို၍ရှင်းလင်းစွာ တွေ့မြင်ခဲ့ကြသည်။

 

အီဂျစ်နိုင်ငံ ဆူးအက်တူးမြောင်းတွင် ကုန်သင်္ဘောသောင်တင် ပိတ်ဆို့နေသည်ကို ၂၀၂၁ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၂) ဆူးအက်တူးမြောင်း ပိတ်ဆို့မှုက ကမ္ဘာ့စီးပွားရေး ထိလွယ်ခိုက်လွယ်ရှိနေမှုကို မီးမောင်းထိုးပြခဲ့

မတ် ၂၃ ရက်က အီဂျစ်နိုင်ငံ ဆူးအက်တူးမြောင်းထဲတွင် ကုန်သင်္ဘောကြီးတစ်စီး သောင်တင်ပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ ကမ္ဘာ့ကုန်သွယ်ရေးစီဆင်းမှု ၁၂ ရာခိုင်နှုန်း အချိန်အတိုင်းအတာတစ်ခုထိ ပြတ်တောက်ခဲ့ရသည်။ ၂၀၂၁ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် သောင်းပြောင်းထွေလာ အချင်းအရာများက ကမ္ဘာ့စီးပွားရေး ထိလွယ်ခိုက်လွယ်ရှိနေမှုကို မီးမောင်းထိုးပြခဲ့သည်။ ထောက်ပို့ရေးအတားအဆီးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်စက မတရားမြင့်မားလာခြင်းက ကုန်ပစ္စည်းပံ့ပိုးမှုကွင်းဆက်တွင် ဝန်ဖိအား ဖြစ်စေခြင်း၊ ချစ်ပ်ပြားရှားပါးမှုနှင့်ကုန်ပစ္စည်းဈေးနှုန်း တရကြမ်းမြင့်တက်ခြင်းက စက်မှုထုတ်ကုန်လုပ်ငန်းကွင်းဆက်ကို ပြင်းထန်စွာ ရိုက်ခတ်မှု ဖြစ်ပေါ်စေခြင်း၊ ကြွေးမြီမြင့်တက်လာခြင်းနှင့်Excess Liquidityက ဘဏ္ဍာရေးဈေးကွက်မတည်ငြိမ်မှုအခြေအနေကို ပို၍ဆိုးဝါးလာစေခြင်း၊ ပြန်လည်ရှင်သန်ရေးကွဲလွဲမှုနှင့် ဆင်းရဲချမ်းသာကွာဟချက်ကြီးမားမှုက ဖွံ့ဖြိုးတိုးတက်ရေး ခြားနားမှုကြီးကို ပို၍ နက်ရှိုင်းစေခြင်း……တို့သည် ကပ်ရောဂါ၏သက်ရောက်မှု ပိုမိုရှုပ်ထွေးဝေးလံနေခြင်းနှင့် စီးပွားရေးကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှု ရေဆန်အတားအဆီးနှင့်ကြုံတွေ့နေရခြင်း ဖော်ပြခြင်း ဖြစ်သည်။ ၎င်းမှာ နိုင်ငံအသီးသီးက မက်ခရိုမူဝါဒဆွေးနွေးညှိနှိုင်းမှုကို မောင်းတင်ရမည့် သတိပေးချက်ဖြစ်သလို အဓိကစီးပွားရေးအုပ်စုများက တာဝန်ယူမှုအသီးသီးကို ပြသပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှုအား အတူ ပြီးပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်သည်ကို ထင်ဟပ်ပြသခြင်းပင် ဖြစ်သည်။

ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာတွင် ရိုက်ကူးသည့် Shenzhou-13 အာကာသယာဉ်မှူး ကျိုက်ကျစ်ကန်းက အာကာသစခန်းပြင်ပလုပ်ငန်းတာဝန်များထမ်းဆောင်ပြီး လက်ပြနှုတ်ဆက်နေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၃) ကမ္ဘာ့နိုင်ငံများတွင် အာကာသစူးစမ်းလေ့လာမှု အရှိန်အဟုန် တစ်ဖန်ပြန်လည်မြင့်တက်လာခဲ့

မေ ၁၅ ရက်တွင် Tianwen-1 စူးစမ်းလေ့လာရေးအာသာသယာဉ်သည် အင်္ဂါဂြိုဟ်တွင် ခြေချနိုင်ခဲ့ရာ တရုတ်အာကာသကဏ္ဍစူးစမ်းလေ့လာမှုခရီးစဉ်အတွက် အရေးကြီးခြေလှမ်းတစ်ရပ်ကို လျှောက်လှမ်းနိုင်ခဲ့သည်။ ထို့မတိုင်မီ ယူအေအီး၏ ”Hope” နှင့် အမေရိကန်၏ “Perseverance” အာကာသယာဉ်များက ဖေဖော်ဝါရီလတွင် အင်္ဂါဂြိုဟ်သတ်မှတ်နေရာသို့ ရောက်ရှိခဲ့ကြပြီဖြစ်သည်။ ထိုသို့ သွားရောက်လည်ပတ်လေ့လာသည့် ခရီးသွားအာကာသယာဉ် ၃ စီးသည် အင်္ဂါဂြိုဟ်၏စူးစမ်းမှုအရှိန်အဟုန်ကို မြှင့်တင်ခဲ့သည်။

ဧပြီလတွင် တရုတ်နိုင်ငံက Tianhe အာကာသစခန်းပင်မခန်းကို အောင်မြင်စွာလွှတ်တင်ပြီး တရုတ်အာကာသစခန်းတည်ဆောက်ရန်အတွက် ဘက်စုံစတင်ရာ ဂြိုဟ်ပတ်လမ်းတွင် ဇွန်လနှင့် အောက်တိုဘာလများက အာကာသယာဉ်မှူးနှစ်သုတ် အသီးသီး သွားရောက် နေထိုင်ခဲ့ကြသည်။

ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံက အာကာသကြည့်မှန်ပြောင်း James Webbကို ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာလွှတ်တင်နိုင်ခဲ့သည့်အပြင် စီးပွားဖြစ် အာကာသခရီးစဉ်အတွက် နောက်ထပ်ခြေလှမ်းတစ်ရပ် လျှောက်လှမ်းနိုင်ခဲ့ရာ စက်တင်ဘာတွင် ခရီးသွား ၄ ဦး အာကာသသို့ သွားရောက်လည်ပတ်ခဲ့သည်။

အောက်တိုဘာလတွင် ရုရှားရိုက်ကူးရေးအဖွဲ့က နိုင်ငံတကာ အာကာသစခန်းသို့ သွားရောက်၍ ရုပ်ရှင်ရိုက်ကူးခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်တွင် ထွက်ခွာရန်ကြိုးပမ်းနေသည့် လူအုပ်ကြီးအား ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၄) အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ရုပ်သိမ်းမှုက ရှုံးနိမ့်မှုတွင် တွင်ကျန်ရစ်သည့် ကပ်ဘေးသင်္ကေတ တစ်ခု ဖြစ်စေခဲ့

ဩဂုတ် ၃၀ ရက်တွင် အမေရိကန်တပ်အားလုံးကို အာဖဂန်နစ္စတန်မှ ရုပ်သိမ်းရာ အမေရိကန်စတင်ခဲ့သည့် နှစ်ပေါင်း ၂၀ ကြာ အာဖဂန်တိုက်ပွဲသည့် အရှုံးဖြင့် အဆုံးသတ်ခဲ့သည်။ မဟာမိတ်တပ်များကို ဂရုမပြုဘဲ အလောသုံးဆယ်တပ်ရုပ်သိမ်းခြင်းက အာဖဂန်၏ယိမ်းယိုင်နေသည့်အခြေအနေကို ပို၍ လှုပ်ခတ်စေခဲ့သလို ဗရမ်းပတာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များအပါအဝင် အာဖဂန်အရပ်သား သေဆုံးမှု အများအပြား ဖြစ်ပွားခဲ့ခြင်းက ၎င်း၏ တစ်ကိုယ်ကောင်း ဗိုလ်ကျမှုကို ပို၍ အကြွင်းမဲ့မီးမောင်းပြထိုးပြသလို ဖြစ်စေသည်။
အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံး ဤတိုက်ပွဲက အာဖဂန်ကို ဒုက္ခနွံနစ်စေခဲ့သလို အမေရိကန်တပ်၏ သတ်ဖြတ်မှု သို့မဟုတ် စစ်မက်အတွင်း ဘေးဒဏ်သင့်မှုများကြောင့် အသက်ဆုံးရှုံးရသည့်အာဖဂန်အရပ်သား ၃ သောင်းကျော်၊ ဒုက္ခသည်အဖြစ် ဆိုက်ရောက်သူ ၁၁ သန်းခန့် ရှိခဲ့သည်။ နှစ်ရှည်စစ်ပွဲပဋိပက္ခများကြောင့် ဒေသ၏ပြည်သူလူထုစားဝတ်နေရေး ပျက်သုဉ်းခဲ့ရာ လူဦးရေ၏ လေးပုံသုံးပုံသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရှိနေခဲ့သည်။ အမေရိကန်တပ်၏ တာဝန်ယူမှုကင်းမဲ့စွာ ပြီးစလွယ်ထွက်ခွာသွားခြင်းက အာဖဂန်ပြည်သူများအတွက် ကြီးမားသည့်ကပ်ဘေးနှင့်နာကျင်မှုသာ ကျန်ရစ်စေခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (၇၆)ကြိမ်မြောက် ကမ္ဘာကုလသမဂ္ဂအထွေထွေညီလာခံသို့ ပေကျင်းမြို့မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ရာ ညီလာခံအခမ်းအနားမြင်ကွင်းအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၅) တရုတ်နိုင်ငံ နိုင်ငံတော်အကြီးအကဲ သံတမန်ဆက်ဆံရေးတွင် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို အားပြုဆောင်ရွက်ခဲ့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ့ကုလသမဂ္ဂတရားဝင်နေရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြန်လည်ရရှိခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အစည်းအဝေးသို့ အောက်တိုဘာ ၂၅ ရက်က ပေကျင်းမြို့တွင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာတွင် စစ်မှန်သည့် နိုင်ငံပေါင်းစုံဘက်ပေါင်စုံဝါဒကို အတူ ဖော်ဆောင်ကာ ကမ္ဘာ့ အဓွန့်ရှည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်ဖြစ်ရာ ရှီကျင့်ဖိန်သည် ပါတီနှင့်နိုင်ငံအကြီးအကဲအဖြစ် “cloud diplomacy”များတွင် ပါဝင်ကာ ပါတီ၏ပြည်ပကဏ္ဍအခင်းအကျင်းသစ်များကို ဖွင့်လှစ်ခဲ့သည်။ ရှီကျင့်ဖိန်၏ဦးဆောင်မှုတွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများ ပိုမိုပြည့်စုံကောင်းမွန်အောင် မြင့်တင်ပေးခဲ့သလို လူသားတို့၏ဘုံစံတန်ဖိုးကို ကျယ်ပြန့်အောင် ၊လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရန်အတွက် တွန်းအားပေး ဆောင်ရွက်ခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ၏သဘောထားကိုပေါ်လွင်စေခဲ့သလို လူသားမျိုးနွယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာအေးချမ်းသင့်မြတ်စွာနေနိုင်ရေး၏ သမိုင်းတာဝန်ကို တာဝန်ယူမှုရှိစွာ ကြိုးပမ်းအားထုတ်ခဲ့ရာ နိုင်ငံတကာအသိုက်အဝန်း၏ ချီးကျူးအသိအမှတ်ပြုမှုကို ရရှိခဲ့သည်။

ဘီလာရုဇ်-ပိုလန် နယ်စပ် ဘီလာရုဇ်ဘက်အခြမ်း ဒုက္ခသည်စခန်းတွင် ပိုလန်နိုင်ငံဘက်ရှိ စစ်သားများ ကြည့်နေသည့် ကလေးငယ်နှစ်ဦးအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က‌ တွေ့ရစဉ်(ဆင်ဟွာ)

(၆) ပဋိပက္ခများစွာရှိနေသည့် ရုရှား-အနောက်နိုင်ငံ ဆက်ဆံရေး ပိုမိုဆိုးဝါးလာ
ရုရှားသံတမန်ကို နှင်ထုတ်သည့် နေတိုး၏လုပ်ရပ်အား တုန့်ပြန်ရန်အတွက် ရုရှားနိုင်ငံသည် နေတိုးအခြေစိုက် ရုရှားကိုယ်စားလှယ်အဖွဲ့၏လုပ်ငန်းများကို နိုဝင်ဘာ ၁ ရက်မှ စတင်ပြီး ယာယီရပ်ဆိုင်းခဲ့သည်။ အမေရိကန်က စစ်အေးခေတ်အတွေးအခေါ်များကို ရေရှည်လက်ကိုင်ထားခြင်းကြောင့် မဟာမိတ်အဖွဲ့က ရုရှားအပေါ် ဖိအားအဆက်မပြတ်ပေးလာခဲ့ရာ ၂၀၂၁နှစ်တွင် ရုရှား-အမေရိကန်၊ ရုရှား-ဥရောပနိုင်ငံများသည် ယူကရိန်း၊ ဆိုက်ဘာလုံခြုံရေး၊”အမေရိကန်ရွေးကောက်ပွဲစွက်ဖက်မှု”စသည့် ပြဿနာများတွင် ပဋိပက္ခများ ထပ်ဆင့်တိုးလာခဲ့ရာ သံတမန်များ အပြန်အလှန် နှင်ထုတ်မှုများ လုပ်ဆောင်ခဲ့သည်။ အမေရိကန်-ရုရှား နှစ်နိုင်ငံ ခေါင်းဆောင်များ ယခုနှစ်အတွင်း နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နှစ်ဖက်ဆက်ဆံရေး သိသာထင်ရှားသည့် ကောင်းမွန်လာမှု မရှိသေးပေ။ နောက်ပိုင်းတွင် ဘီလာရုဇ်-ပိုလန်၊ ဘီလာရုဇ်-လစ်သူယေးနီးယား နယ်စပ်ဒုက္ခသည်အကျပ်အတည်းပြဿနာကြောင့် အငြင်းပွားမှုများဖြစ်ပွားခဲ့ရာ နှစ်ဖက်ဆက်ဆံရေးဆက်တိုက် တင်းမာခဲ့သည်။

 

ဂျာမနီနိုင်ငံ အနောက်ပိုင်း ကိုလုံမြို့တွင် မြစ်ရေလျှံမှုဖြစ်ပွားနေသည်ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၇) ဂလပ်စဂိုး ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် သဘောတူညီချက်များ ရရှိခဲ့

နိုဝင်ဘာ ၁၃ ရက်က ကျင်းပသည့် ဂလပ်စဂိုး ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် သဘောတူညီချက်များရရှိခဲ့ရာ 《ပါရီသဘောတူညီချက်》အား နိုင်ငံတကာအသိုက်အဝန်းဘက်စုံအကောင်အထည်ဖော်မည့် ခရီးစဉ်သစ် စတင်ခဲ့သည်။ ယင်းညီလာခံတွင် တရုတ်-အမေရိက ဥတုရာသီဆိုင်ရာ လုပ်ဆောင်မှုများ အားဖြည့်ဆောင်ရွက်ရေး ဂလပ်စဂိုး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံခန့်ခွဲရေးအတွက် အဖိုးတန်သည့်တွန်းအား ဖြစ်စေခဲ့သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ဥတုရာသီပြောင်းလဲမှုတွင် သမိုင်းတာဝန်ရှိရာ ဓါတ်ငွေ့ထုတ်လွှတ်မှုကို ဦးစွာ အများအပြား လျှော့ချရမည့်တစ်ချိန်တည်းတွင် ရာတီဥတုဆိုင်ရာ ဘဏ္ဍာရေးကတိကဝတ်များကို အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၏စွမ်းအင်ပြည်နယ်ဖြစ်သည့် တက္ကဆက်ပြည်နယ်တွင် ဆောင်းရာသီလေပြင်းမုန်တိုင်းတိုက်ခတ်ကြောင့် မီးအကြီးအကျယ်ပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်း၊ အာရှတိုက်မြို့များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ခြင်း၊ ဥရောပတိုက် အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တွေ့မြင်ရခဲသည့်ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်မှာ ကမ္ဘာလုံးတစ်ဝန်း အစွန်းရောက်ရာသီဥတု ကြိမ်ဖန်များစွာ ဖြစ်ပွားခြင်းက “ဥတုရာသီဆိုင်ရာ သတိပေးခေါင်းလောင်းထိုးခြင်း”ဖြစ်ရာ ဥတုရာသီပြောင်းလဲမှုကို တုန့်ပြန်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက လက်တွဲဆောင်ရွက်ရန်မှာ နှောင့်နှေး၍မရသည့်ကိစ္စ ဖြစ်နေသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှနေ၍ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

(၈) တရုတ်-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင် ပထမဆုံးအကြိမ် ဗွီဒီယို ကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် နိုဝင်ဘာ ၁၆ ရက်က ပထမဆုံးအကြိမ်အဖြစ် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက်ခေါင်းဆောင်များအကြား တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး၏မဟာဗျူဟာ၊ အခြေအနေတစ်ရပ်လုံး ၊ အခြေခံအကျဆုံး အကြောင်းအရာများနှင့် အတူဂရုပြုကြသည့် အရေးကြီးကိစ္စရပ်များကို အပြည့်အဝ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြသည်။ ၂၀၂၁ ခုနှစ်တွင် သမ္မတရှီသည် သမ္မတ ဘိုင်ဒန်၏ ဖိတ်ကြားချက်အရ တယ်လီဖုန်းဖြင့် နှစ်ကြိမ် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးမှုတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ တရုတ်-အမေရိကန် ဆက်ဆံရေးမူသဘောထားကို ဘက်စုံပြောကြားခဲ့ရာ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဘုံအကျိုးဖြစ်ထွန်းမှုမဟာဗျူဟာမူဘောင်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် ပဲ့ကိုင်ခရီးနှင်ကြရန် အတိအလင်းအဆိုပြု ပြောကြားခဲ့သည်။ တရုတ်-အမေရိကန် ဆက်ဆံရေး၏ အရေးကြီးကြောင်း၊ စစ်အေးတိုက်ပွဲကို ဆန့်ကျင်ကြောင်း စသည့် မူများတွင် နှစ်ဖက်ခေါင်းဆောင်များက သဘောတူညီချက် ရရှိခဲ့သည်။

ဂျာမနီနိုင်ငံ Stralsundမြို့ ၌ ပြုလုပ်သော CDUပါတီ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတစ်ခုတွင် အိန်ဂျလာမာကဲလ်အား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၉) “မာကဲလ် ခေတ်အလွန်” ဂျာမနီနှင့်ဥရောပ စမ်းသပ်မှုများ ကြုံတွေ့ရ

ဒီဇင်ဘာ ၈ ရက်တွင် Olaf Scholz ဂျာမနီဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီးနောက် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အိန်ဂျလာမာကဲလ်ထံမှ တရားဝင်အာဏာလွှဲပြောင်းရယူခဲ့ရာ ဂျာမနီနှင့် ဥရောပသမဂ္ဂ(EU)သည် “မာကဲလ် ခေတ်အလွန်”ကို ရောက်ရှိခဲ့သည်။ မာကဲလ် တာဝန်ထမ်းဆောင်စဉ်ကာလတွင် ဂျာမနီကို ဦးဆောင်ပြီး သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်ရေးအောင်မြင်မှုများ ရရှိပြီး ညှိနှိုင်းမှုများဖြင့် ဥရောပသမဂ္ဂ(EU)ရှေ့သို့ရွေ့အောင် တွန်းအားပေးနိုင်ခဲ့သလို တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးနှင့် လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများ တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးဇာတ်ခုံမှ ၎င်းထွက်ခွာသည့် အချိန်တွင် ဥရောပသမဂ္ဂသည် ဆိုးဝါးသည့် စမ်းသပ်မှုပေါင်းများစွာနှင့် ရင်ဆိုင်နေရရာ ကိုဗစ်ကပ်ရောဂါ အပြန်ပြန်အလှန်လှန်ဖြစ်ပွားနေမှု၊ စီးပွားရေးပြန်လည်ရှင်သန်ရန် ခက်ခဲကျပ်တည်းနေမှု၊ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်သည့် ဘေးထွက်ဆိုးကျိုးများ ပေါ်လွင်လာခြင်းနှင့်အတူ ဥရောပတိုက် တစ်သားတည်းဖြစ်ရေးအရှိန်အဟုန် ကျဆင်းမှုရှိလာသည်။ စစ်မှန်သည့်“မဟာဗျူဟာ ကိုယ်တိုင်ကိုယ်ကျရှိရေး”ကို ဥရောပသမဂ္ဂရှာဖွေသည့် လမ်းခရီးတွင် မာကဲလ်၏ဆင်ခြင်တုံတရားပြည့်ဝသည့် လက်တွေ့တကျဆောင်ရွက်မှုသည် အထူးတန်ဖိုးထားဖွယ် ဖြစ်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Sinovacကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှုများအား ၂၀၂၁ ခုနှစ် မတ် ၁ ရက် တွေ့ရစဉ်(ဆင်ဟွာ)

(၁၀) ကာကွယ်ဆေးထိုးနှံခြင်းက ကမ္ဘာတစ်ဝန်း ကပ်ရောဂါတိုက်ဖျက်ရေးကို အားဖြည့်ပေးခဲ့

ဒီဇင်ဘာ ၂၉ ရက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၈.၆ ဘီလီယံ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံခြင်းသည် ကမ္ဘာတစ်ဝန်း ကပ်ရောဂါတိုက်ဖျက်ရေးကို အားဖြစ်စေခဲ့သော်လည်း “ကိုယ်ခံစွမ်းအားတည်ဆောက်မှု ကွာဟချက်ကြီး”ရှိနေခြင်းကို ဖြေရှင်းရန်လိုအပ်နေသေးသည်။ တရုတ်နိုင်ငံသည် မိမိကိုယ်တိုင်အခက်အဲအကျပ်အတည်းများ ရှိနေသော်လည်း ယင်းအခက်အခဲများကို ဖြေရှင်းကာ တစ်နှစ်ပတ်လုံးအတိုင်းအတာအရ ပြည်ပသို့ ကာကွယ်ဆေးပေါင်း ၂ ဘီလီယံစာ ပံ့ပိုးပေးခဲ့သော်လည်း အနောက်နိုင်ငံအချို့က”ကာကွယ်ဆေး အမျိုးသားရေးဝါဒ”ကို အကြီးအကျယ် ကျင့်သုံးနေလျက်ရှိသည်။ ဒယ်လ်တာနှင့် အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ်များ မရှေ့မနှောင်းဆိုသလို တိုက်ခိုက်မှုများ ရှိနေပြီး ကပ်ရောဂါ ကြိမ်ဖန်တလဲလဲဖြစ်ပွားမှုများ ရှိနေရာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကပ်ရောဂါကြောင့် ကူးစက်လူနာနှင့် သေဆုံးလူနာဦးရေသည် သန်းပေါင်း ၂၈၀ ကျော်နှင့် ၅ သန်းကျော် အသီးသီးရှိပြီဖြစ်သည်။ “ရေရှည်တိုက်ပွဲ”ဖြစ်သည့် ကပ်ရောဂါတိုက်ဖျက်ရေးကို ကောင်းမွန်အောင် ဆောင်ရွက်ရေးတွင် ဘက်ပေါင်းစုံ၏ လက်တွဲပူးပေါင်းဆောင်ရွက် လိုအပ်သလို ကာကွယ်ဆေးကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ထုတ်ကုန်ဖြစ်အောင် ဆောင်ရွက်ဖို့၊ ကာကွယ်ဆေး၊ ဆေးဝါးပစ္စည်းနှင့်ရောဂါကာကွယ်ရေးနည်းလမ်းများကို အပြည့်အဝ ကျင့်သုံးဆောင်ရွက်ဖို့ လိုအပ်နေပေသည်။ (Xinhua)

#2021, #Top10, #WorldNews, #xinhua, #xinhuamyanmar, #၂၀၂၁, #ကမ္ဘာ့ထိပ်တန်းသတင်း, #ဆင်ဟွာ

…………………………………………
(Chinese Version)

新华社评出2021年国际十大新闻
2021-12-30 18:41:12
新华社北京12月30日电新华社评出2021年国际十大新闻(按事件发生时间先后为序)
一、国会骚乱打破“美式民主”幻象

1月6日,大批支持时任美国总统特朗普的示威者强行闯入美国国会大厦,与警方发生冲突,造成5人死亡多人受伤。骚乱意在以暴力手段阻止美国总统权力的有序过渡,被视为美国历史上影响最深远的本土暴力极端事件之一。血腥暴力在美国最高政治殿堂上演震惊世界,凸显美国社会分裂鸿沟,打破“美式民主”幻象。人们更清晰看到,“美式民主”已沦为美国政客煽动民意实现自身利益最大化的工具。

二、运河堵塞暴露世界经济脆弱
3月23日,一艘货轮在埃及苏伊士运河搁浅堵塞航道,一度阻断约12%的全球贸易流通。2021年,种种现象暴露出世界经济脆弱性:物流梗阻、运费暴涨,供应链承受压力;芯片稀缺、大宗商品价格飙升,产业链受到冲击;债务攀升、流动性泛滥,金融市场波动加剧;复苏分化、贫富差距扩大,发展鸿沟加深……这既反映出疫情影响复杂深远,也和经济全球化遭遇逆流有关,警示各国须加强宏观政策协调,主要经济体要展现责任担当,共同完善全球经济治理。

三、世界多国再掀太空探索热潮
5月15日,天问一号探测器成功着陆火星,迈出中国太空探索征程又一重要步伐。此前,阿联酋“希望”号火星探测器和美国“毅力”号火星车于2月抵达目的地,3位“访客”掀起火星探索新热潮。天和核心舱于4月成功发射,中国空间站建造全面开启,6月和10月分别迎来两批航天员在轨驻留。12月,美国詹姆斯•韦布空间望远镜顺利发射入轨。此外,商业太空游再进一步。9月,4名游客遨游太空。10月,俄罗斯摄制组登上国际空间站拍摄电影。

四、美军撤阿标志失败留下灾难
8月30日,美军全部撤离阿富汗,美国发动的长达20年的阿富汗战争以失败告终。美军不顾盟友仓促撤离引发阿局势震荡,野蛮空袭造成包括儿童在内的多名阿平民死亡,其自私霸道本性再次暴露无遗。这场美国历史上最漫长的战争令阿富汗生灵涂炭,累计有3万多名阿平民被美军杀死或因战乱丧生,约1100万人沦为难民。长年战乱导致当地民生凋敝,约四分之三民众生活在贫困线以下。美军不负责任一走了之,给阿富汗人民留下深重灾难和巨大痛苦。

五、中国元首外交唱响多边主义
10月25日,习近平主席在北京出席中华人民共和国恢复联合国合法席位50周年纪念会议并发表重要讲话,呼吁共同践行真正的多边主义,实现世界永续和平发展。今年是中国共产党百年华诞,习近平作为党和国家领导人,密集开展“云外交”,推动党的对外工作开创新局面,引领中国促进完善全球治理,弘扬全人类共同价值,推动构建人类命运共同体,彰显中国共产党人胸怀天下,为人类谋进步、为世界谋大同的使命担当,受到国际社会高度赞誉。

六、俄西方矛盾重重关系再恶化
11月1日起,俄罗斯暂停俄常驻北约代表团工作,以回应北约驱逐俄外交官。由于美国长期抱守冷战思维,联合盟友不断向俄施压,今年以来俄与美欧在乌克兰、网络安全、所谓“干预美国选举”等问题上矛盾重重,几度相互驱逐外交官。美俄领导人今年两度会晤,但双方关系未出现明显改善。俄与西方后又在白俄罗斯与波兰、立陶宛边境难民危机等问题上出现争执,双方关系持续紧张。
七、格拉斯哥气变大会达成协议
11月13日,格拉斯哥气候变化大会达成协议,开启国际社会全面落实《巴黎协定》的新征程。大会期间,中美发布强化气候行动联合宣言,为推进全球气候治理注入宝贵动力。发达国家对气候变化负有历史责任,必须率先大幅减排,同时兑现气候融资承诺。今年,美国能源州因冬季风暴大停电、亚洲城市因强降雨严重内涝、欧洲部分地区降暴雨致罕见洪灾,全球极端天气频发敲响“气候警钟”,世界各国携手采取行动应对气候变化已刻不容缓。

八、中美元首举行首次视频会晤
11月16日,习近平主席同美国总统拜登举行首次视频会晤,双方就事关中美关系发展的战略性、全局性、根本性问题以及共同关心的重要问题进行了充分、深入的沟通和交流。今年,习主席还应约同拜登总统两次通话。习近平主席在视频会晤中全面阐述中方对中美关系的原则立场,明确提出相互尊重、和平共处、合作共赢的战略框架,为两国关系的健康稳定发展把舵引航。两国元首就中美关系重要性、反对打“新冷战”达成原则共识。

九、“后默克尔时代”德欧面临考验
12月8日,朔尔茨当选新一任德国总理,与其前任、执政16年的默克尔正式交接,德国及欧盟进入“后默克尔时代”。默克尔在任期间,带领德国取得显著发展成就,发挥协调作用推动欧盟前行,致力于对华友好交往与务实合作。她离开政坛之时,欧盟正面临多重严峻考验,新冠疫情蔓延反复,经济复苏艰难曲折,英国“脱欧”后遗症显现,欧洲一体化势头疲软。在欧盟寻求真正“战略自主”的道路上,默克尔的务实理性作风尤显可贵。

十、疫苗接种助力全球阻击疫情
12月29日,世界卫生组织数据显示,全球已接种超过86亿剂新冠疫苗。大规模疫苗接种助力全球阻击疫情,但“免疫鸿沟”亟待消除。中国克服自身困难全年努力对外提供约20亿剂疫苗,一些西方国家却大搞“疫苗民族主义”。病毒频繁变异,德尔塔和奥密克戎毒株先后来袭;疫情起伏反复,全球累计病例和死亡病例已分别超过2.8亿例和540万例。打好抗疫“持久战”,亟须各方携手合作,让疫苗成为全球公共产品,充分发挥疫苗、药物和防疫措施的作用。(完)
图说1:这是2021年1月6日,特朗普支持者在美国首都华盛顿的国会大厦前举行示威时占据下届总统就职典礼的媒体拍摄高台。 新华社记者 刘杰 摄
图说2: 这是2021年3月24日在埃及苏伊士运河拍摄的货轮搁浅现场。新华社发
图说3:这是2021年11月8日在北京航天飞行控制中心拍摄的神舟十三号航天员翟志刚在出舱任务结束后挥手示意。 新华社发(郭中正 摄)
图说4:这是2021年8月16日,大量民众聚集在阿富汗喀布尔机场试图离开阿富汗。塔利班人员于8月15日进入并控制了首都喀布尔。 新华社发

图说5:2021年9月21日,国家主席习近平在北京以视频方式出席第七十六届联合国大会一般性辩论并发表题为《坚定信心 共克时艰 共建更加美好的世界》的重要讲话。这是大会现场。 新华社记者 王迎 摄
图说6: 这是2021年11月14日,在白俄罗斯与波兰边境白方一侧的难民点,两名儿童望着波兰一侧的军人。 新华社发(任科夫 摄)
图说7:这是2021年7月15日,流经德国西部城市科隆的莱茵河河水暴涨。德国西部地区今夏遭遇了严重的洪灾。 新华社发(唐颖 摄)

图说8:这是2021年11月16日上午,国家主席习近平在北京同美国总统拜登举行视频会晤。新华社记者 岳月伟 摄
图说9:这是2021年9月21日,默克尔在德国施特拉尔松德出席基民盟竞选集会。 新华社记者 单宇琦 摄
图说10:这是2021年3月1日,人们在菲律宾马尼拉接种中国科兴新冠疫苗。 新华社发(乌马利 摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.