ဝါရှင်တန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ပိုလန်နိုင်ငံသို့တပ်ဖွဲ့ဝင် ၁,ဝဝဝ ကျော် ထပ်မံစေလွှတ်၍ တိုးမြှင့်တပ်ချထားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇွန် ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်မှာ ရုရှားအတွက် လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုကို မြင့်တက်စေကြောင်း သိရသည်။
မွမ်ဘိုင်း ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ဇွန် ၁၂ ရက်တွင် ယင်းမြို့၏ Churchgate ရထားဘူတာရုံ၌ အသက် ၆၂ နှစ်အရွယ် အဖိုးအိုတစ်ဦးသေဆုံးသွားပြီး ၊ တစ်ချိန်တည်းမှာပင် Bandra ဆင်ခြေဖုံးရပ်ကွက်၌ အမျိုးသမီးကြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဟန်ဂေရီ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ဟန်ဂေရီနိုင်ငံ တွင် ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါလာသော သဘောၤတစ်စီးဖြစ်သည့် Hableany (Mermaid) သည် မေ ၂၉ ရက် တွင် မြို့တော် Budapest အနီး မြစ်အတွင်း နစ်မြုပ်သွားခဲ့ရာ ဇွန်လ ၁၁ ရက် တွင်...
နယူးဒေလီ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ဗာယု (Vayu) ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာမှုကြောင့် နိုင်ငံအနောက်ပိုင်း ဂူဂျာရပ်ပြည်နယ်နှင့် Diu နယ်မြေမှ လူ ၃၀၀,၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရဖွယ်ရှိကြောင်း အိန္ဒိယ အစိုးရအဖွဲ့ရှိ တရားဝင် သတင်းရင်းမြစ်များက ဇွန်လ ၁၂ ရက်က...
အယ်လ်ဂျီးယား ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) အယ်လ်ဂျီးရီးယား စွမ်းအင် ကုမ္ပဏီ Sonatrach နှင့် ပေါ်တူဂီ စွမ်းအင် ကုမ္ပဏီ Galp တို့သည် အယ်လ်ဂျီး ရီးယား မှ ပေါ်တူဂီသို့ဓာတ်ငွေ့တင်ပို့မှုအား ၁၀ နှစ် ထပ်မံ သက်တမ်းတိုးရန် သဘောတူညီချက်အား ဇွန် ၁၁...
ကာရာကာ့စ်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံတွင် ဧပြီလ ၃၀ ရက်က အာဏာသိမ်းရန်ကြိုးပမ်းမှု၌ ပါဝင်သူ ၁၇ ဦးအား ဖမ်းဆီးကာ တရားစွဲဆိုခဲ့ကြောင်း အာဏာပိုင်များက ဇွန်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်ထံမှ “အလွန်နှစ်လိုဖွယ်ကောင်းသော” ပေးစာတစ်စောင်ကို ၎င်းလက်ခံရရှိခဲ့ကြောင်း ဇွန် ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres)က အနည်းဆုံး အရပ်သား ၉၅ ဦး သေဆုံးခဲ့သည့် မာလီနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု နှင့် ပတ်သက်၍ ရှုတ်ချခဲ့ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူ က ဇွန် ၁၀...
ဘန်ကောက်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရယ်လောင်ကွန်း (Maha Vajiralongkorn) က ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) အား ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်လိုက်ကြောင်း သိရသည်။
ရာအွန်ဒီ ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ၏ မငြိမ်မသက်ဖြစ်ပေါ်နေသော အနောက်မြောက် အန်ဂရိုဖုန်း(Anglophone )ဒေသတွင် ဇွန် ၁၀ ရက်က လက်နက်ကိုင်ခွဲထွက်ရေးသမား ၈ ဦးကို ကင်မရွန်းတပ်ဖွဲ့များက သတ်ခဲ့ကြောင်း ဒေသခံအရာရှိများက ပြောကြားသည်။