ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုလိုငွေပြမှုသည် ၂၀၂၁ ခုနှစ်တွင် စံချိန်တင်မြင့်မားလာခဲ့သဖြင့် အမေရိကန် နိုင်ငံရေးသမားများနှင့် မီဒီယာများက ယင်းအကြောင်းပြချက်အသစ်ကို တရုတ်နိုင်ငံအား ပြစ်တင်စွပ်စွဲကာ မှင်နီတိုးလာစေရန် အလျင်အမြန် အမိအရ ဖမ်းဆုပ်ခဲ့ကြသည်။
ဘာလင်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
ရာမလာ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) West Bank မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၁၃ ရက်နှောင်းပိုင်းက ပဋိပက္ခဖြစ်ပွားမှုအတွင်း အစ္စရေးစစ်သားများကြောင့် အသက် ၁၇ နှစ်အရွယ် ပါလက်စတိုင်း လူငယ်လေးတစ်ဦး သေဆုံးကာ အခြား ၁၅ ဦး ထိခိုက်ဒဏ်ရာရရရှိခဲ့ပြီး ၎င်းတို့အနက် သုံးဦးမှာ ပြင်းထန်ကြောင်း...
အစ္စတန်ဘူလ် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ရုရှားရေတပ်မှ Kilo-class ရေငုပ်သင်္ဘောတစ်စင်းသည် ဖေဖော်ဝါရီ ၁၃ ရက်က တူရကီနိုင်ငံ Bosphorus ရေလက်ကြားအား ဖြတ်သန်းကာ ပင်လယ်နက်လမ်းကြောင်းသို့ မောင်းနှင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ကဘူးလ်၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်တွင် ပိတ်ဆို့ထားသည့် အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုထက်ဝက်ကို “9/11” အကြမ်းဖက်တိုက်ခိုက်မှု၌ နစ်နာသူများအား လျော်ကြေးပေးရာတွင် အသုံးပြုသွားရန် စီစဉ်ထားကြောင်း သမ္မတ ဘိုင်ဒန်က ဖေဖော်ဝါရီ ၁၁ ရက်တွင် သမ္မတအမိန့် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
ကိယက်ဗ် ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် ယူကရိန်းနိုင်ငံတစ်ဝန်း လုံခြုံရေးအခြေအနေများအား ဆွေးနွေးရန် ဖေဖော်ဝါရီ ၁၃ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ယူကရိန်းနိုင်ငံသမ္မတ၏ ပြန်ကြားရေးဌာနက ပြောကြားခဲ့သည်။
တီရာနာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ နယ်စပ်အနီးတွင် တင်းမာမှုများ အရှိန်မြင့်တက်နေချိန်တွင် အယ်လ်ဘေးနီးယား နိုင်ငံသားများအား ယူကရိန်းမှ အမြန်ဆုံး ထွက်ခွာကြရန် အယ်လ်ဘေးနီးယားနိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (MEFA) က တောင်းဆိုလိုက်ကြောင်း သိရသည်။
လားဂို့စ်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံရှိ စီးပွားရေးအချက်အခြာဖြစ်သော လားဂို့စ်မြို့တွင် သုံးထပ်အဆောက်အဦ ပြိုကျပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်က လူ ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် တောင်ပိုင်းကမ်းရိုးတန်းတွင် ပင်လယ်မှ ရေလှိုင်းရိုက်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၁၃ ရက်၌ လူ ၁၁ဦ သေဆုံးခဲ့ကြောင်း ဒေသခံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခါတွန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ၏ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီ ဥက္ကဋ္ဌ Abdel Fattah Al-Burhan က စစ်တပ်အနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးရရှိရန် ရည်ရွယ်ထားသည့် အမျိုးသားအဆင့် ဆွေးနွေးပွဲတစ်ခုအား လမ်းဖွင့်ထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက်၌ အလေးအနက် ပြောကြားခဲ့သည်။