ဟော့စတန်၊ နိုဝင်ဘာလ ၂၉ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၊တက္ကဆက်ပြည်နယ်၊ ဟော့စတန်မြို့၏အရှေ့ဘက် ၁၅၀ ကီလိုမီတာအကွာ တွင်ရှိသောပို့သ်နီချီးစ်မြို့(Port Neches)၌ နိုဝင်ဘာလ၂၇ ရက်က TPC Group မှလည်ပတ်နေသော ဓါတုစက်ရုံတစ်ရုံအဆက်မပြတ်ပေါက်ကွဲမှုများဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ အရေးပေါ်အခြေအနေအား ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အော့ကလန်၊နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင့်ရေးကော်မတီ(CCPIT)နှင့် နယူးဇီလန် တရုတ်ကုန်သွယ်ရေးအသင်းတို့မှ ကြီးမှူးကျင်းပသော တရုတ် – နယူးဇီလန် စီးပွားရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက်က အော့ကလန်တွင် ကျင်းပခဲ့သည်။
ဘိုဂိုတာ ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံ မြို့တော် ဘိုဂိုတာ၌ ပထမဆုံး မြေအောက်ရထားလမ်း ဖောက်လုပ်ရန် သမ္မတ Ivan Duque က တရုတ် ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းစု ဖြစ်သည့် APCA Transmimetro နှင့် နိုဝင်ဘာ ၂၇...
ဟနွိုင် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံ Essex မြို့၌ ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးခဲ့သူ ၃၉ ဉီး အနက် ကြွင်းကျန်ရုပ်အလောင်း ၁၆ ခုသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်သို့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာကြောင်း...
နယူးဒေလီ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ စစ်တပ်က အစ္စရေးနိုင်ငံထုတ် တင့်ကားဖျက်ဒုံးကျည်ကို ကက်ရှ်မီးယားဒေသ အားနှစ်ပိုင်ခွဲခြားထားသည့် နယ်စပ်မျဉ်း(LoC) အိန္ဒိယဘက်အခြမ်းတွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်(AIR) ရုပ်သံက ယနေ့နိုဝင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
ဟောင်ကောင်၊နိုဝင်ဘာလ ၂၇ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းအကြမ်းဖက်ဆန္ဒပြသမားများက ဆယ်ရက် မြောက်အဖြစ် ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝင်း (Hong Kong Polytechnic University campus)အတွင်းဆက်လက်စုရုံးနေခဲ့ကြပြီးနောက်ရဲတပ်ဖွဲ့ကတက္ကသိုလ်ဝင်းအတွင်းကျန် ရှိနေသူအားလုံးငြိမ်းချမ်းစွာဖြင့်အမြန်ဆုံးထွက်ခွာပေးကြရန် နိုဝင်ဘာလ ၂၆ ရက်က ထပ်မံတောင်းဆို ခဲ့သည်။
ဟာဗားနား၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လျက်ရှိကြောင်း ကျူးဘားနိုင်ငံ ဝန်ကြီးချုပ် ဘရူနို ရိုဒရီဂုဇ် (Bruno Rodriguez) က နိုဝင်ဘာ ၂၆ ရက်က စွပ်စွဲလိုက်သည်။
ရာမာလာ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) အစ္စရေးအကျဉ်းထောင်တစ်ခုအတွင်း ပါလက်စတိုင်းအကျဉ်းသား Sami Abu Diak သေဆုံးခဲ့ရခြင်းမှာ ဆေးဝါးကုသမှု မခံရခြင်းကြောင့် ဖြစ်ကြောင်း ပါလက်စတိုင်းသတင်းအရင်းအမြစ်များက နိုဝင်ဘာ ၂၆ ရက်တွင် အတည်ပြုခဲ့သည်။
ဘန်ကောက် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ မြောက်ပိုင်း ချင်းရိုင်ပြည်နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်း ခန့် သယ်ဆောင်လာသည့် ၁၀ ဘီးကားယာဉ်မောင်း တစ်ဉီးကို ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကိပ်တောင်း၊နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်-ရုရှား-တောင်အာဖရိက သုံးနိုင်ငံပူးတွဲ ရေကြောင်းစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်က တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ဆိပ်ကမ်းတွင် ကျင်းပခဲ့ရာ သုံးနိုင်ငံ သက်ဆိုင်ရာ ရေတပ်အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင် ၂၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။