ကဘူးလ်၊ မေ ၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်ရှိ ရဲစခန်းတစ်ခုမှာ မေ ၅ ရက်တွင် တိုက်ခိုက်ခံရ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၈ ဦး အပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့ပြီး ၅၅...
နယူးဒေလီ ၊ မေ ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဥဒစ္စပြည်နယ်၌ ဖန်နီဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၃၃ ဦးထိမြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက မေ ၅ ရက်တွင် ဖော်ပြခဲ့သည်။
မော်စကို ၊ မေ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း Murmansk မြို့သို့ဦးတည်ထွက်ခွာသော SSJ-100 ခရီးသည်တင်လေယာဉ်တစ်စင်းသည် မေ ၅ ရက်က မော်စကိုမြို့ Sheremetyevo နိုင်ငံတကာလေဆိပ်သို့ အရေးပေါ်ဆင်းသက်စဉ် မီးလောင်ကျွမ်းခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၄၁ ဦးသေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေးကော်မတီက ယနေ့မေ ၆...
ကာရာကာ့စ်၊ မေ ၅ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားလေတပ်ရဟတ်ယာဉ်တစ်စီးသည် ၎င်းနိုင်ငံ၏မြို့တေ်ာ ကာရာကာ့စ်မြို့ တောင်ဘက်တွင် ပျက်ကျခဲ့ရာ လူ ၇ ဦး သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
မော်စကို၊ မေ ၅ ရက်(ဆင်ဟွာ) အမေရိကန်၏ အီရန်ကို ဦးတည်သည့် ပိတ်ဆို့ခြိမ်းခြောက်မှုများက ရုရှား-အီရန် နျူကလီးယားစွမ်းအင် စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို အတားအဆီးဖြစ်စေမည်မဟုတ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး Sergei Ryabkovက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
အန်ကာရာ ၊ မေ ၅ ရက်(ဆင်ဟွာ) တူရကီ စစ်သား ၃ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်ခံရမှု တစ်ရပ်အား ပြန်လည် လက်တုံ့ပြန်သည့် အနေဖြင့် ကာ့ဒ် စစ်သွေးကြွ ၂၈ ဦးအား မေ ၄ ရက်တွင် သုတ်သင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မော်စကို၊ မေ ၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီးSergey Lavrov နှင့် ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Jorge Arreazaတို့ သည် မေ ၅ ရက်တွင် မော်စကို၌ တွေ့ဆုံမည်ဖြစ်ပြီး လက်ရှိဗင်နီဇွဲလားအရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergei Ryabkovက...
ဒက်ကာ၊ မေ ၅ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းသို့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ မေလ ၄ ရက်တွင်ဝင်ရောက်ခဲ့ပြီးနောက် ကမ်းရိုးတန်းဒေသများကိုအရှိန်ပြင်းစွာတိုက်ခိုက်ခဲ့ရာအနည်းဆုံးလူသုံးဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလား ဒေ့ရှ်သဘာဝဘေးစီမံခန့်ခွဲရေးနှင့်ကယ်ဆယ်ရေးဝန်ကြီးဌာနဝန်ကြီး မာတတ်အူဒင်(Mahtab Uddin) က ဆင်ဟွာသတင်း ဌာနသို့ ပြောကြားခဲ့သည်။
ကိုလံဘို၊ မေ ၅ ရက်(ဆင်ဟွာ) လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ထောက်ခံအားပေးမှုကို လိုအပ်ကြောင်း သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisenaက သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ရွှယ်ယွန်(Cheng Xueyuan)နှင့် မေ ၄ ရက်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ရာဘတ် ၊ မေ ၄ ရက် (ဆင်ဟွာ) မော်ရိုကို နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန က မေလ ၃ ရက် ၌ နိုင်ငံ ဗဟို ဥပဒေရေးရာ စုံစမ်းစစ်ဆေးမှုဌာန က နိုင်ငံမြောက်ပိုင်းရှိ Tangier မြို့ တွင် IS အစွန်းရောက်...