နာ-ဘူလ်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ အမျိုးသားလုံခြုံရေးကော်မတီဥက္ကဌ(ဟောင်း) Karim Masimov အား နိုင်ငံတော်ပုန်ကန်ရန် ကြံစည်သည်ဟု သံသယရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ယင်းကော်မတီက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဖနွမ်းပင်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဆမ်ဒက်အာခါမိုဟာဆီနာပါတိုင်းတဲ့ချိုဟွန်ဆင် (Samdech Techo Hun Sen) သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်ပြီးနောက် ဇန်နဝါရီ ၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း...
မွမ်ဘာဆာ၊ ကင်ညာ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) သမိုင်းကြောင်းနှင့် အချက်အလက်များက အာဖရိက၏ စစ်မှန်သောမိတ်ဆွေနှင့် မိတ်ဖက်မှာ မည်သူဖြစ်သည်ကို ပြောကြားလိမ့်မည်ဖြစ်ကြောင်း ကင်ညာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇန်နဝါရီ ၆ ရက်၌ ပြောကြားခဲ့သည်။
နာ-ဆူလ်တန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ကီတို၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံ Galapagos ကျွန်းစုရှိ အမြင့်ဆုံးဖြစ်ပြီး Isabela ကျွန်းပေါ်တွင်တည်ရှိသော Wolf မီးတောင် သည် ဇန်နဝါရီ ၇ ရက် နံနက်အစောပိုင်းက ပေါက်ကွဲခဲ့ကြောင်း ဘူမိရူပအင်စတီကျူမှ သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၇ ရက်တွင် အမေရိကန် စစ်သင်္ဘောတစ်စီး လာရောက်ရန် တောင်းဆိုမှုကို ငြင်းဆိုခဲ့ကြောင်း ၊ အကြောင်းရင်းမှာ လိုက်ပါလာသော သင်္ဘောအမှုထမ်းများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး သယ်ဆောင်လာမည်ကို စိုးရိမ်မိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
နယူးယောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Maine ပြည်နယ်မှ ဗာဂျီးနီးယားပြည်နယ်အထိ အရှေ့ဘက်ကမ်းရိုးတန်းဒေသ အများအပြားကို ဆောင်းရာသီ မုန်တိုင်းတစ်ခု ဇန်နဝါရီ ၇ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် စာသင်ကျောင်းပိတ်ခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းနှင့် လေကြောင်းခရီးစဉ်ဖျက်သိမ်းခြင်းများ ဖြစ်ပွားခဲ့ကြောင်းနှင့် အထူးသဖြင့် နယူးဂျာစီပြည်နယ်နှင့် ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးများက ပြည်နယ်အရေးပေါ်အခြေအနေ...
ဂျကာတာ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဖျား ပါပူးအားပြည်နယ်တွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် လူ ၆ ဦးသေဆုံးပြီး အခြားသူ ၅၀၀ ဦးသည်လည်း ၎င်းတို့၏ ဆွေးမျိုးနီးစပ်နေအိမ်များသို့ ထွက်ပြေးခဲ့ရကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၆ ရက်တွင် ပြုလုပ်သော Capitol လွှတ်တော်အတွင်း အဓိကရုဏ်းဖြစ်ပွားသည့် တစ်နှစ်ပြည့်အထိမ်းအမှတ်၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန် ဒီမိုကရေစီကို နင်းချေခဲ့သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရှုတ်ချခဲ့ပြီး ထိုကဲ့သို့သော ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရဟု...
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi သည် ဒုတိယအကြိမ်မြောက် COVID-19 ကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်ဟု သမ္မတက ဇန်နဝါရီ ၆ ရက်တွင် တွစ်တာ၌ ရေးသားခဲ့သည်။ “ကျွန်တော် COVID-19 ထပ်ပြီးကူးစက်ခံရတယ်လို့ စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ကျွန်တော် လည်ချောင်းနာနေတာ...