ရီယိုဒီဂျနေးရိုး ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ အစိုးရက အဆိုပြုထားသော လူမှုလုံခြုံရေး ပြုပြင် ပြောင်းလဲမှုများကြောင့် ဆယ်နှစ် အတွင်း အမေရိကန် ဒေါ်လာ ၂၁၄ ဘီလီယံကျော် ချွေတာနိုင်မည်ဟု မျှော်လင့်ကြောင်း သိရသည်။
ဒမတ်စကက်စ် ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက် အရ ဆီးရီးယား Kurds လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ သည် စက်တင်ဘာ ၁၁ ရက် တွင် နိုင်ငံ...
လန်ဒန်၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ လွှတ်တော်ရပ်ဆိုင်းရန် တောင်းဆို လုပ်ဆောင်ခဲ့မှုသည် တရားလက်လွတ်ပြုကျင့်ခြင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံ စကော့တလန် အဆင့်မြင့် တရားရုံးက စက်တင်ဘာ ၁၁ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်စီမံခန့်ခွဲမှုအဖွဲ့(BMA) က ယာဉ်ကြောပိတ်ဆို့မှု နှင့် လေထုညစ်ညမ်းမှု လျော့ချရေး နှင့် စွမ်းအင်ချွေတာရေးအတွက် လာမည့် စက်တင်ဘာ ၂၂ ရက်ကို ဘန်ကောက်မြို့၏ ကားအသုံးမပြုရေးနေ့အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အာဖဂန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် မြောက်ပိုင်း Takhar ပြည်နယ်တွင် စက်တင်ဘာ ၁၀ ရက် ညပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် စစ်သွေးကြွ ၃၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းအရင်း အမြစ်များက ယနေ့ ပြောကြားသည်။
တီဟီရန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံမှ ရေနံတင်သွင်းခြင်း အပေါ် အမေရိကန်နိုင်ငံ ၏ တားမြစ်ခြင်းအား ဆန့်ကျင်ရန် အီရန်နိုင်ငံမှ အိန္ဒိယနိုင်ငံအား တိုက်တွန်းခဲ့ကြောင်း Press TV က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်တွင် စက်တင်ဘာလ ၁၀ ရက်၌ Apple Inc. က iPhone 11 နှင့် iPhone 11 Pro, iPads, Apple Watch 5 Series နှင့်...
ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တောင်ပိုင်းရှိ ရှီယိုက်ဘာသာဝင်တို့၏ အထွဋ်အမြတ် ကာဘလာမြို့(Karbala)၌ လူအုပ်ပိမိမှုတစ်ခုအတွင်း စက်တင်ဘာ ၁ဝ ရက်တွင် အနည်းဆုံး ရှီယိုက်ဘုရားဖူး ၃၁ ဦးသေဆုံးပြီး အခြား ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ကဘူးလ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် ယနေ့( စက်တင်ဘာ ၁၁ ရက် ) နံနက်အစောပိုင်းတွင် အလွန်ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။
ဝါရှင်တန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနယ်နိမိတ် တွင် သြဂုတ်လအတွင်း ၌ လူ၆၄,၀၀၀ အား ဖမ်းဆီးခြင်း သို့မဟုတ် နိုင်ငံအတွင်းဝင်ခွင့်မပြုခြင်း ဆောင်ရွက်ခဲ့ပြီး သုံးလဆက်တိုက်ကျဆင်းမှုဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။