ဟေတီ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံ အနောက်တောင်ပိုင်း၌ သြဂုတ် ၁၄ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၂,၁၈၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကာရေဘီယံကျွန်း၏ မြို့ပြကာကွယ်ရေးအေဂျင်စီ က သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် နေ့စဉ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာဦးရေသည် ဩဂုတ် ၁၈ ရက်တွင် ထပ်မံ စံချိန်သစ်တင် မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးရှိမြို့၊ခရိုင်စီရင်စု (၄၇)ခုအနက် တစ်ဝက်ကျော်၌ ကိုဗစ်ထပ်တိုးလူနာအရေအတွက်သည် စံချိန်ချိုးမြင့်တက်လျက်ရှိကြောင်း သိရသည်။
ဒူဘိုင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အာဖဂန်သမ္မတ Mohammad Ashraf Ghani က သွေးထွက်သံယိုဖြစ်ပွားမှုမှ ရှောင်လွှဲရန် အလို့ငှာ ၎င်းအနေဖြင့် ကာဘူးလ်မြို့နှင့် နိုင်ငံမှထွက်ခွါရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သြဂုတ် ၁၈ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
ဂျနီဗာ ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ကမ္ဘာအနှံ့ COVID-19 ရောဂါ ဖြစ်ပွားမှုအသစ် အရေအတွက်သည် ပြီးခဲ့သော နှစ်လအတွင်း တိုးလာနေပြီး နိုင်ငံ ၊ နယ်မြေ သို့မဟုတ် ဒေသ ၁၄၈ ခုတွင် Delta မျိုးဗီဇပြောင်းပိုး ကူးစက်မှု ဖြစ်ပွားမှုများကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က...
ဒူဘိုင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန် သမ္မတ Ghaniက ၎င်းသည် လက်ရှိ ယူအေအီး(အာရပ်စော်ဘွားများပြည်ထောင်စု)တွင် ရှိနေကြောင်း ၊ တာလီဘန်နှင့် ယခင်အာဖဂန်အစိုးရ အရာရှိများ၏တွေ့ဆုံဆွေးနွေးမှုကို ထောက်ခံကြောင်း ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ရုရှား MiG-29 တိုက်လေယာဉ်တစ်စင်းသည် ဩဂုတ် ၁၈ ရက်က နိုင်ငံအနောက်တောင်ပိုင်း Astrakhan ဒေသ၌ ပုံမှန် ပျံသန်းမှုပြုလုပ်စဉ် ပျက်ကျသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
စရီနာဂါ၊ အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယား၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) စစ်သွေးကြွများဟုယူဆရသောသေနတ်သမားများသည် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ၌ အိန္ဒိယအာဏာရ Bharatiya Janataပါတီ (BJP) မှ ဒေသအဆင့်ခေါင်းဆောင်တစ်ဦး ကို သြဂုတ် ၁၇ ရက် က လုပ်ကြံပစ်ခတ်ခဲ့ကြောင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် လူဦးရေ ၁,၂၀၀ ခန့်နေထိုင်သော အယ်လ်ဒိုရာဒိုကောင်တီရှိ မြို့တစ်မြို့လုံး တောမီးလောင်ကျွမ်းပြီးနောက် လူနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရသည်။
ဗီယင်ကျန်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Xaysomphone Phomvihane က အိမ်နီးချင်း ထိုင်းနိုင်ငံ၌ လုပ်ကိုင်နေကြသော လာအိုနိုင်ငံသားများအတွက် COVID-19 အကျပ်အတည်း ကျော်လွှားနိုင်ရေး ကူညီပေးရန် ထိုင်းနိုင်ငံသို့ ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) တူရကီ မောင်းသူမဲ့ဒရုန်းယာဉ်က ဩဂုတ် ၁၇ ရက်တွင် အီရတ်နိုင်ငံမြောက်ပိုင်း ကာဒစ္စတန်အလုပ်သမားပါတီနေရာတစ်ခုကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လက်နက်ကိုင် (၁၈)ဦး သေဆုံးခဲ့ကြောင်း အီရတ် စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။