Connect with us

Asia

လာအိုအလုပ်သမားများ COVID-19 အကျပ်အတည်း ကျော်လွှားနိုင်ရေး ကူညီပေးရန် ထိုင်းနိုင်ငံအား လာအိုနိုင်ငံ ပြောကြား

ဗီယင်ကျန်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Xaysomphone Phomvihane က အိမ်နီးချင်း ထိုင်းနိုင်ငံ၌ လုပ်ကိုင်နေကြသော လာအိုနိုင်ငံသားများအတွက် COVID-19 အကျပ်အတည်း ကျော်လွှားနိုင်ရေး ကူညီပေးရန် ထိုင်းနိုင်ငံသို့ ပြောကြားခဲ့သည်။

ယင်းအဆိုပြုချက်ကို လာအိုနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Xaysomphone Phomvihane က ထိုင်းနိုင်ငံ၏ အောက်လွှတ်တော် ဥက္ကဋ္ဌ Chuan Leekpai နှင့် ဩဂုတ် ၁၇ ရက်တွင် videoconference မှတစ်ဆင့် ဆွေးနွေးမှုများအတွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံရှိ လာအိုအလုပ်သမားများအား ကူညီနိုင်ရေး သက်ဆိုင်သည့် ကဏ္ဍများတွင် တွန်းအားပေးရန်လည်း ထိုင်းနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Chuan Leekpai အား လာအိုနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Xaysomphone Phomvihane က တောင်းဆိုခဲ့ပြီး အထူးသဖြင့် လာအိုနိုင်ငံသို့ အလုပ်သမားများ ပြန်လည်ဝင်ရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ဒေသတွင်း Vientiane Times နေ့စဉ်ထုတ်သတင်းစာက ဩဂုတ် ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ကပ်ရောဂါစတင်ချိန်မှစ၍ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော လာအိုအလုပ်သမားပေါင်း ၂၄၆,၀၀၀ ကျော်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် လာအိုအလုပ်သမား ၁၅၀,၀၀၀ ခန့် ပြန်လည်ဝင်ရောက်ခဲ့ကြောင်း နောက်ဆုံး စာရင်းဇယားများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၌ မကြာသေးမီက COVID-19 ရောဂါ ကြီးကြီးမားမားဖြစ်ပွားမှုကြောင့် ပြီးခဲ့သောလအနည်းငယ်အတွင်း အလုပ်အကိုင်များစွာ ပြတ်တောက်ခဲ့ရသလို လာအိုအလုပ်သမား ရာပေါင်းများစွာလည်း နေရပ်ပြန်ရန် ဖိအားပေးခံခဲ့ရသည်။

နေရပ်ပြန်အလုပ်သမားများအနက် ၃၀ ရာခိုင်နှုန်းထက်မနည်းသည် COVID-19 ရောဂါပိုးများ ကူးစက်ခံထားရပြီး ရောဂါကူးစက်ပြန့်နှံမှုကို ထိန်းချုပ်ရန် လာအိုနိုင်ငံ၏ ကြိုးပမ်းမှုများအပေါ် ဖိအား မြင့်တက်စေခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုများအတွင်း လာအိုနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Xaysomphone Phomvihane က ယခင် လာအိုအလုပ်သမားများအား ကူညီပေးမှုများ နှင့် လာအိုနိုင်ငံ၏ ကပ်ရောဂါထိန်းချုပ်ရေး တိုက်ဖျက်မှုများတွင် ထောက်ပံ့ရန် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းအတွက် ထိုင်းနိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များက လာအို-ထိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအား အလွန်တန်ဖိုးထားကြောင်း ၊ အထူးသဖြင့် စီးပွားရေး ဆက်ဆံမှု ၊ ကုန်သွယ်မှု ၊ ရင်းနှီးမြှုပ်နှံမှု ၊ ခရီးသွားလုပ်ငန်း ၊ ပညာရေး နှင့် ကျန်းမာရေးတို့တွင် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

နှစ်ဘက်လုံးက အပြန်အလှန်အကျိုးစီးပွားအတွက် ပြီးခဲ့သောနှစ်များအတွင်း လာအို-ထိုင်း နှစ်နိုင်ငံက လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရေးအတွက် တွန်းအားပေးရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————–
(English Version)

Laos asks Thailand to help Lao workers overcome COVID-19 crisis

VIENTIANE, Aug. 18 (Xinhua) — Lao National Assembly (NA) President Xaysomphone Phomvihane has asked Thailand to help Lao nationals working in the neighboring country overcome the COVID-19 crisis.

Xaysomphone made the proposal while holding talks with the speaker of the lower house of Thailand’s Parliament, Chuan Leekpai, via videoconference on Tuesday.
The NA president also requested Chuan to push concerned sectors in Thailand to assist Lao workers, especially in facilitating their return to Laos, local daily Vientiane Times reported on Wednesday.

Latest statistics show that more than 246,000 Lao workers have returned from Thailand since the pandemic began, with around 150,000 coming back in 2020.
A recent major outbreak of COVID-19 in Thailand over the past few months resulted in the cutting of many jobs and forcing hundreds of Lao workers to return home.
At least 30 percent of those who returned brought the coronavirus with them, ramping up pressure on Laos’ efforts to contain the spread of infections.

During the talks, Xaysomphone thanked Thailand for helping Lao workers in the past and for providing medical equipment to support Laos’ battle against the pandemic.
The two leaders said they highly valued the development of bilateral ties and cooperation between the two countries, especially in economic relations, trade, investment, tourism, education and health.

The two sides agreed to push for the implementation of agreements signed by the two countries in past years for mutual benefits. Enditem
Photo – A worker disinfects a fresh market in Bangkok, Thailand, on June 21, 2021. (Xinhua/Rachen Sageamsak)