နယူးယောက် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ Starbucks ကော်ဖီ ကုမ္ပဏီက အီတလီ ဟင်းလျာများ နှင့် ဖျော်ရည် အမျိုးမျိုးအား အဓိက ပါဝင်သော ပထမဦးဆုံး အီတလီ အစားအစာ စားသောက်ဆိုင် ဖွင့်လှစ်သွားမည်ဟု ကုမ္ပဏီဘက်မှ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ထိုသို့ဖွင့်လှစ်ရခြင်းသည်...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တိုးချဲ့တည်ဆောက်ရန် နှင့် ၎င်း၏ မဲဆွယ်ကာလ ကတိကဝတ်အား ဖြည့်ဆည်းရန် နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့သည်။
ချီကာဂို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့စွန် Aurora မြို့ ရှိ ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် ဖေဖော်ဝါရီ ၁၅ ရက် က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၅ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အရှေ့စွန်းပိုင်း Sakha ပြည်နယ် Udachnaya စိန်တွင်း ၌ အသည်းပုံ စိန်ရိုင်းတုံး တစ်တုံး တူးဖော်တွေ့ရှိခဲ့ကြောင်း ရုရှားနိုင်ငံထိပ်တန်းစိန်တူးဖော်ရေးကုမ္ပဏီ Alrosa က ဖေဖော်ဝါရီ ၁၄ ရက်တွင်ပြောကြားခဲ့သည်။
ဟာရာရီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ ရှိ မိုင်းတွင်း ၂ခု၏ တူးမြောင်းများ နှင့် လှိုဏ်ခေါင်းများ၌ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး တရားမဝင် မိုင်းလုပ်သား ၂၃ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီ ၁၄ရက်တွင်ဖော်ပြခဲ့သည်။
လူဆာကာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ဇမ်ဘီးယားနိုင်ငံ Nchelenge ခရိုင် ရှိ ရေကန်တစ်ခုတွင် လှေတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၂၀ဦးကျော် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖေဖော်ဝါရီ ၁၄ရက်ကဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ နောက်ထပ် အစိုးရယန္တရားရပ်ဆိုင်းမှုကို ရှောင်လွှဲရန် နယ်စပ်လုံခြုံရေး နှင့် အသုံးစာရိတ် ဆိုင်ရာ ဥပဒေတစ်ရပ်ကို ဆီးနိတ်လွှတ်တော်က အတည်ပြုပြီးနောက် နာရီအနည်းငယ်အကြာတွင် အောက်လွှတ်တော်အမတ်များက ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းတွင် အတည်ပြုခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon ae-In) ၏ ဖိတ်ကြားချက်ဖြင့် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၂ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည် ဖြစကြောင်း...
လူဆာကာ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရာဇဝတ်မှုများကျူးလွန်မှုဖြင့် သတင်းကျော်စောနေသော လေတပ်အကြီးအကဲဟောင်းကို ဇမ်ဘီယာ လုံခြုံရေး အေဂျင်စီများက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
နီယာမေ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံ အနောက်ပိုင်း Dosso ပြည်နယ်ရှိ ရဲစခန်းတစ်ခုကို ဖေဖော်ဝါရီ ၁၃ ရက်တွင် အမည်မသိလက်နက်ကိုင်တစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။