နယူးဒေလီ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်ရှိ ဟိန္ဒူဘုရားကျောင်းတစ်ကျောင်းတွင် လူအုပ်ပိမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း မီဒီယာများက သြဂုတ်လ ၂၃ ရက်တွင် သတင်းဖော်ပြထားသည်။
အေသင်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ဂရိနိုင်ငံတွင် ယခုနှစ်အတွင်း West Nile ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၆ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၁၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အမျိုးသား ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်း (EODY) က သြဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဝါရှင်တန်၊ သြဂုတ်လ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရန့် ၏ဆောင်ရွက်နေမှုများအပေါ် အမေရိကန်ပြည်သူ ၃၆ ရာခိုင် နှု်နးကထောက်ခံကြပြီး ၆၂ ရာခိုင်နှုန်းကဆန့်ကျင်မှုပြုကြကြောင်း သြဂုတ်လ ၂၂ ရက်ကထုတ်ပြန်ခဲ့ သော မဲဆန္ဒစစ်တမ်းတစ်ခုအရ သိရပါသည်။
ဆူဗာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံ အစိုးရအနေဖြင့် ကလေးအလုပ်သမား၊ အဓမ္မခိုင်းစေမှုနှင့် လူကုန်ကူးမှုများအား သည်းခံမည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ပါဗီးကူးမား (Parveen Kumar) က သြဂုတ်လ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံတွင် သြဂုတ်လ ၂၀ ရက်က အမေရိကန် စစ်ဘက်မောင်းသူမဲ့လေယာဉ်တစ်စီးအား ပစ်ချခံခဲ့ရကြောင်း အမေရိကန်အရာရှိသူများက သြဂုတ်လ ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ကဘူးလ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်စစ်သား ၂ ဦး ကျဆုံးခဲ့ကြောင်း နေတိုး (NATO) ဦးဆောင်သည့် Resolute Support (RS) က သြဂုတ်လ ၂၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။
ပြုံယမ်း ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က သြဂုတ်လ ၂၂ ရက် ၌ တောင်ကိုရီးယား နိုင်ငံ ၏ အမေရိကန် နိုင်ငံ မှ ကိုယ်ပျောက်တိုက်လေယာဉ်များ ထပ်မံ တင်သွင်းမှု အပေါ် ပြင်းထန်စွာ...
အစ္စလာမ်မာဘတ် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) ရဲကင်းစခန်း တစ်ခုအား သြဂုတ် ၂၁ ရက် ညပိုင်းတွင် မည်သူမည်ဝါမှန်း မသိရသည့် အကြမ်းဖက်သမား တစ်ချို့ ဝင်ရောက် ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး အခြားသူများ ဒဏ်ရာ ရရှိခဲ့ကြောင်း အစ္စလာမ် မာဘတ်မြို...
ကဘူးလ်၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ မင်္ဂလာပွဲအခမ်းအနားတစ်ခုတွင် ယခုလ ၁၇ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၈၀ အထိ တိုးမြင့်လာပြီဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimiက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဟနွိုင်း ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် သြဂုတ်လအတွင်း နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ် ၆၃ ခုအနက် ၆၂ ခုတွင် ဝက်တုပ်ကွေးရောဂါ (ASF) ဖြစ်ပွားလျက်ရှိနေသောကြောင့် ဝက်ကောင်ရေ ၄ သန်းကျော်ကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သြဂုတ် ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။