တိုကျို၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) G20 ကုန်သွယ်ရေးနှင့် ဒီဂျစ်တယ် စီးပွားရေး ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပခဲ့ပြီး ဇွန် ၉ ရက်တွင် ပိတ်ပွဲအခမ်းအနားကို ဂျပန်နိုင်ငံ Ibaraki စီရင်စု Tsukubaမြို့တွင် ကျင်းပခဲ့ ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) အမေရိကန် USS Boxer တိုက်ခိုက်ရေးစစ်င်္ဘော နှင့် ပြင်သစ် ချားလ်ဒီဂေါ( Charles de Gaulle) လေယာဉ်တင်သင်္ဘော တို့သည် ဘင်္ဂလားပင်လယ်အော်၊ အန်ဒမန်ပင်လယ်ပြင်တွင် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့ကြောင်း အမေရိကန်ရေတပ်က ဇွန် ၉ ရက်တွင်...
မနီလာ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Camarines Surပြည်နယ် San Fernandoမြို့တွင် ဇွန် ၈ ရက် က ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားရာ ကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီဒဏ်ရာရမှုများ ဖြစ်ပွား ခဲ့ကြောင်း ယင်း ဒေသ ရှိ ရဲဌာနက...
ဟူစတန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့၌ ဇွန် ၉ ရက် ညနေပိုင်းက မိုးကြိုးမုန်တိုင်း အကြိမ်ပေါင်းများစွာဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အအုံတစ်လုံးပေါ်သို့ဝန်ချီစက်(ကရိန်း) တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အခြား ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။
ဘိုဂိုတာ ၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံအရှေ့မြောက်ပိုင်း Arauca ဒေသ၌ စစ်တပ်ကင်းလှည့်မှုတစ်ခုပြုလုပ်စဉ် ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးစစ်သား ၂ ဦးသေဆုံးပြီး အခြား ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကိုလံဘီယာစစ်တပ်၏ ဇွန် ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ဖနွမ်းပင်၊ ဇွန် ၉ ရက် (ဆင်ဟွာ) အနောက်တောင်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏ Kampong Speuပြည်နယ်တွင် ဇွန် ၈ ရက် ညနေပိုင်းက ယာဉ်တစ်စီးတိုက်မှုဖြစ်ပွားပြီး လူ ၄ဦး ဒဏ်ရာရရှိကာ ၁၀ ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်း အကြီးတန်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။
ဝါရှင်တန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) အီရန်၏အကြီးဆုံးရေနံဓာတုလုပ်ငန်းဖြစ်သည့် ပါရှန်းပင်လယ်ကွေ့ ရေနံဓာတု စက်မှုကုမ္ပဏီ (PGPIC)နှင့် ၎င်းကုမ္ပဏီခွဲများ ၊ ပြည်ပ အရောင်းကွန်ရက်များ အားလုံးကို ပိတ်ဆို့မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တီဟီရန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) အီရန်သမ္မတရိုဟာနီ နှင့် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် တို့နှစ်ဦးက ဇွန်လ ၈ ရက်နေ့တွင် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ ကွဲပြားမှုဖြစ်နေသည့်နယ်မြေ များအတွင်း ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးများကျယ်ပြန့်လာစေရေးဆောင်ရွက်ရန် သန္နိဌာန်ချခဲ့ ကြကြောင်းသိရသည်။
ကူဝိတ်စီးတီး၊ ဇွန် ၉ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ တောင်ပိုင်း Dhalea ပြည်နယ်ရှိ ဗလီဝတ်ပြုကျောင်းတစ်ခု ဇွန် ၇ ရက်က တိုက်ခိုက်ခံရမှုဖြစ်ပွား ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်လုံခြုံရေးဌာန အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဇွန် ၈ ရက် (ဆင်ဟွာ) ပထမဆုံး ရုရှားဘာသာစကားပြော ဉာဏ်ရည်တု (Artificial Intelligence = AI) သတင်းကြေညာသူအား ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုင့်မင်ကျောက်နှင့် TASS ညွှန်ကြားရေးမှူးချုပ် ဆာဂျီ မီခီလာ့ဗ် (Sergei Mikhailov) တို့က ရုရှားနိုင်ငံ စိန့်ပီတာစ်ဘာ့ဂ်မြို့တွင် ဇွန်လ...