ဝါရှင်တန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ကွန်ဒိုအဆောက်အဦတစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်စဉ်တွင် ကလေးရုပ်အလောင်း ၂ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူပေါင်း ၁၈ ဦးအထိ မြင့်တက်သွားပြီဖြစ်ကြောင်း Miami-Dade ကောင်တီ မြို့တော်ဝန် Daniella Levine Cava က ဗုဒ္ဓဟူးနေ့ တွင်...
နယူးဒေလီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဆီသို့ စီးပွားရေးလုပ်ငန်းသုံး နိုင်ငံတကာလေကြောင်းပျံသန်းမှု အဝင်၊ အထွက်များကို ဇူလိုင် ၃၁ ရက်အထိ ရပ်နားထားမည်ဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများက ဇွန် ၃၀ ရက်၌ ပြောကြားခဲ့သည်။
ပဲရစ် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ မြောက်ပိုင်း Douai မြို့ရှိ Renault Group ပြင်သစ်ကားထုတ်လုပ်ရေး ကုမ္ပဏီ သွားရောက်လေ့လာစဥ်တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီဖြစ်သည့် Envision Group လက်အောက်ရှိ ကုမ္ပဏီ က ယင်းနေရာတွင် ဘက်ထရီစက်ရုံတည်ဆောက်ရန် လာရောက်ရင်းနှီးမြှုပ်နှံသည့် အပေါ် ကြိုဆိုကြောင်း...
ဝါရှင်တန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ၏ COVID-19 ကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ကူးစက်မြန် Delta မူကွဲဗိုင်းရပ်စ် အပါအဝင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များအား ကာကွယ်နိုင်သည့်အလားအလာရှိသည်ကို ဓာတ်ခွဲခန်းတွေ့ရှိချက်က ဖော်ပြထားကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။
အော့တဝ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ကနေဒါ နိုင်ငံ နှင့် အမေရိကန် နိုင်ငံ ရှိ အချို့သော ဒေသများတွင် အပူလှိုင်းဖြတ်သန်း တိုက်ခတ်မှုကြောင့် အပူချိန်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်သစ်များ တင်ခဲ့ကြောင်း သိရသည်။
ဂျာကာတာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကမ်းလွန်၌ ဇွန် ၂၉ ရက်က လူပေါင်းများစွာလိုက်ပါလာသော ခရီးသည်တင်သင်္ဘောတစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၆ ဦး သေဆုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦး နှင့် ရဲအရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး ယင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဇွန် ၂၈ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ အရှေ့ပိုင်း ဆစ်ဒနီမြို့နှင့် မြောက်ပိုင်း ဒါဝင်မြို့ကို လော့ခ်ဒေါင်းချပြီးနောက် အနောက်ပိုင်းရှိ ပါ့သ်မြို့ကို ဇွန် ၂၉ ရက်တွင် လော့ခ်ဒေါင်း (၄)ရက်ချခဲ့ရာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် Delta၏ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ဖြစ်ကြောင်း သိရသည်။
ဒါကာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိ COVID-19 အခြေအနေအရ ဇူလိုင် ၁ ရက်မှစ၍ တစ်နိုင်ငံလုံးလော့ခ်ဒေါင်း (lockdown) ဆောင်ရွက်မည်ဖြစ်သဖြင့် ပညာရေးဌာနများ ပိတ်ထားခြင်းကို နောက်ထပ်တစ်လ ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ထိုင်းနိုင်ငံတွင် ဇွန် ၂၈ ရက်မှစ၍ ဘန်ကောက်စသည့် နေရာများ၌ ရောဂါကာကွယ်တားဆီးရေး နည်းလမ်းများကို တစ်ဆင့်တိုး တင်းကျပ်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။