နေပြည်တော်၊ မေ ၈ ရက် (ဆင်ဟွာ) မြန်မာ့ ကြက်ခြေနီ အသင်း၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုများကို ယခုထက် ပိုမို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းကြရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ကမ္ဘာ့ ကြက်ခြေနီနေ့တွင် ပြောကြားခဲ့သည်။
တိုကျို၊ မေ ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဖူကူအိုကာ စီရင်စု၊ ကီတာကျူရှုမြို့ရှိ တိုက်ခန်းတွဲ တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာက မေလ ၈ ရက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလဒုတိယ(၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ပြီး ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း၊၎င်းသည် ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ ရွေးကောက်ခံသမ္မတ အီမာနျူရယ်လ် မက်ခရွန်း ( Emmanuel Macron) ထံ ယနေ့( မေလ ၈ ရက်)တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း သိရသည်။
ABOARD SHIP XIANGYANGHONG 09 ၊ မေ ၈ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်တွင် နောက်ကျိနေသော ပင်လယ်ရေစီးကြောင်းအောက် စူးစမ်းလေ့လာမှုများပြုလုပ်ပေးမည့် တရုတ်နိုင်ငံ၏ လူလိုက်ပါစီးနင်းနိုင်သည့် ရေငုပ်သင်္ဘောငယ် Jiaolong ကို မေလ ၆ ရက်က ရေချခဲ့ကြောင်း သိရသည်။