ကုလသမဂ္ဂ ၊ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်က လာမည့်နှစ်အတွက် ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့၏ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြင်သစ်သံတမန်တစ်ဦးဖြစ်သူ Jean-Pierre Lacroix အားခန့်အပ်ရန် ဖေဖော်ဝါရီလ ၁၄ ရက်က ထုတ်ဖော်ကြေညာခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအ ဝေးကို ယခုနှစ် မတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) မြန်မာ အမျိုးသားလေကြောင်းလိုင်း Myanmar National Airlines (MNA) ၏ ပြည်တွင်း ပြည်ပခရီးစဉ်များတွင် တိုးချဲ့ ပြေးဆွဲရန် ပြည်ပမှ မှာယူထားသည့် ဆဋ္ဌမမြောက် လေယာဉ်သစ် ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း အဆိုပါ လေကြောင်းလိုင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ကန်တော်ကြီးထဲရှိ ချစ်သူများကျွန်းတွင် လူတစ်ရပ်စာခန့် ရှိသည့် အရုပ်အကြီးကြီး ကို ကောင်လေး သုံးယောက်ထဲကတစ်ယောက်က ထိုအရုပ်ကြီးကို ဆွဲလာခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိ ဆိပ်ကမ်းမြို့တွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီး တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ Urdu မီဒီယာက သတင်းတင်ပြထားသည်။