ဆယ်လ်ဗာဒေါ် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) သြဂုတ်လ ၁၃ ရက်တွင်ကျင်းပခဲ့သော ရီယိုအိုလံပစ်ဘောလုံးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သည့် ဘရာဇီးနှင့် ကိုလံဘီယာတို့ပွဲစဉ်တွင် ဘရာဇီးအသင်းက ၂ဂိုးပြတ်အနိုင်ရခဲ့ကြောင်း နှင့် ယင်းပွဲစဉ်၌ နေမာသည် ပြိုင်ပွဲ၌ ပထမဆုံး ဗွေဆော်ဦး ဂိုးတစ်ဂိုးကို ဘရာဇီးအတွက် သွင်းယူပေးခဲ့ကြောင်းသိရသည်။
အစ္စလမ်မာဘတ် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) လွန်ခဲ့သော ရက်သတ္တပတ်က တာလီဘန်တို့ထိန်းချုပ်ရာနေမြေ၌ ပါကစ္စတန် ရဟတ်ယာဉ်ပျက်ကျရာမှ တာလီဘန်တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ရုရှားနိုင်ငံသားတစ်ဦး အပါအဝင် ရဟတ်ယာဉ်အမှုထမ်း ၆ ဦးကို တာလီဘန်တို့ကပြန်လည်လွှတ်ပေးလိုက်ပြီးဖြစ်ကြောင်း တာဝန်ရှိသူများက သြဂုတ် ၁၃ ရက်တွင်ပြောကြားသည်။
ပေကျင်း၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)ဆေးမြစ်များ၊ အပ်စိုက်ကုထုံးများပြီးနောက် စုပ်ခွက်ကုထုံးသည် တရုတ်ရိုးရာ ဆေးနည်းများထဲတွင် လူကြိုက်များကြရုံသာမက အားကစားသမားများ ကိုယ်တိုင်အားထားရသည့် ကုထုံးများဖြစ်လာသည်။ဘရာဇီးနိုင်ငံတွင်ကျင်းပလျက်ရှိသည့် ရီယိုအိုလံပစ်ကစားနည်းများပါဝင်ယှဉ်ပြိုင်ကြသူ ပြိုင်ပွဲဝင်အားကစားသမား များ ၏ ကိုယ်တွင် ခရမ်းရောင်အဝိုင်းအမှတ်အသားများကို မြင်တွေ့ရာမှ ထို ကုထုံးကို ကမ္ဘာတစ်ဝန်းမှ အားကစား ချစ်သူများက စိတ်ဝင်စားမှုများပြားလာသည်။...
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မင်းပြားမြို့ အဝရွာကျေးရွာ အုပ်စုတွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရှေးဟောင်း စေတီတော် တစ်ဆူဖြစ်သော မျက်ရိုးတော်ဓာတ် စေတီတော် ထီးတော် အပါအဝင် အပေါ်ပိုင်း တစ်ခုလုံး သည် မိုးဆက်တိုက် ရွာသွန်းခဲ့သည့် အတွက် ပြိုကျကာ မြေခသွားခဲ့ကြောင်း...
နယူးဒေလီ ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) G20 နှင့် BRICS ထိပ်သီးဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး တရုတ်-အိန္ဒိယနှစ်နိုင်ငံ အပြန်အလှန်အားပေးထောက်ခံကြရန်သြဂုတ်လ ၁၃ ရက်က အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့တွေ့ဆုံစဉ် သဘောတူညီခဲ့ကြကြောင်းသိရသည်။