ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ) ဘဏ်တစ်ခုအခက်အခဲကြုံလာပါက လိုအပ်ချက်ငွေကို အကန့်အသတ်မရှိ ထုတ်ပေးနိုင်ရန် ဗဟိုဘဏ်အနေဖြင့် အမြဲတမ်းအဆင်သင့်ပြင်ဆင်ထားသည့် အတွက် ပြင်ပတွင် ဖြစ်ပေါ်နေသည့် ဘဏ်တစ်ခုမှ ငွေမထုတ်ပေးနိုင်သည့်ကိစ္စ နှင့် ပတ်သက်ပြီး ကောလာဟလ သာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မစိုးရိမ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆင်ဟွာကိုပြောသည်။
ကျူးဟိုင်၊ မေ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ ပထမဆုံး ရေပေါ်နှင့် လေပေါ်ပျံနိုင်သည့် လေယာဉ် AG600 အား ဧပြီလ ၂၉ ရက်နေ့တွင် ဝေဟင်တွင် စမ်းသပ်မောင်းနှင်ခဲ့သည်။ ၎င်းကို ကမ္ဘာ့ အကြီးဆုံးလေယာဉ်ကြီးတစ်စီးအဖြစ် ဒီဇိုင်းထုတ်လုပ်ဖန်တီးထားခြင်းလည်းဖြစ်သည်။ အလျား ၃၇ မီတာ ရှိပြီး...
ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ) အိန္ဒိယတောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SICCI) မှ အိန္ဒိယလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့ပြီး ယနေ့ နေ့လည်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုးခဲ့ကာ မြန်မာလုပ်ငန်းရှင်များနှင့် တစ်ဦးချင်းတွေ့ဆုံခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ မေ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ငွေချေးသက်သေခံ လက်မှတ်များနှင့် လဲလှယ်ရေး ကော်မရှင် (SEC) ဥက္ကဋ္ဌအဖြစ် ဂျေကလေတန် (Jay Clayton) အမေရိကန် လွှတ်တော်က မေလ ၂ ရက်တွင် မဲခွဲ အတည်ပြုခဲ့ကြောင်း ငွေကြေးကဏ္ဍ စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
ရှန်ဟိုင်း၊ မေ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ Jinshan Langxia ကျေးလက်ဥယျာဉ်သည် ပထမဆုံး ပြုလုပ်ဖန်တီးထားသော ကျေးလက်ဥယျာဉ်တစ်ခုလည်းဖြစ်သည်။ စတုရန်ဧရိယာပေါင်း၂၁.၄ ကီလိုမီတာအတွင်းပြုလုပ်ထားသည့် နေရာတစ်ခုလည်းဖြစ်ပြီး အသီးအနှံခူးဆွတ်ခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်များနှင့်ပတ်သက်သည့်ဆွေးနွေးပွဲများ ပြုလုပ်နိုင်ကာ စိုက်ပျိုးရေးအခြေစိုက်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အထူးစီစဉ်ထားခြင်းဖြစ်သည်။ ၎င်းသည် ရှန်ဟိုင်းမြို့၏ ပထမဆုံးသော ကျေးလက်ဥယျာဉ်တစ်ခုလည်းဖြစ်သည်။ မေပယ်လ်ပင်ထောင်ပေါင်းများစွာနှင့်...