Vilnius ၊ မတ် ၁၂ ရက် (ဆင်ဟွာ) လစ်သူနီးယားနိုင်ငံ မြို့တော် Vilnius တွင် မတ်လ ၈ ရက်က အပြည်ပြည်ဆိုင်ရာ ရတနာပြပွဲ Amber Trip 2017 ကိုဖွင့်လှစ်ပြသခဲ့သည်။၎င်းပြပွဲတွင် ဘော်လတစ်ဒေသနိုင်ငံများ ၊ ရုရှား ၊ ပိုလန် ၊ တရုတ်...
ခရိုအေးရှား၊ မတ် ၁၂ (ဆင်ဟွာ) ခရိုးအေးရှားနိုင်ငံ Koprivnica မြို့တွင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရိုးရာဖန်တီးမှု လက်ရာတစ်ခုအဖြစ် လက်ဆင့်ကမ်းကျင်းပခဲ့သော ဧရာမအီစတာကြက်ဥကြီးများအား အနုပညာလက်ရာမြောက် ဆေးရောင်ခြယ်သခြင်းကို ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ကျင်းပခဲ့သည်။ အဆိုပါ ဆေးရောင်စုံ ဧရာမ အီစတာကြက်ဥကြီးများသည် ကမ္ဘာလှည့်ခရီးသွားများအား ကောင်းစွာ ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) မြစ်ကြီးနား မြို့တွင် နှစ်ပေါင်း ၅၁ နှစ် အတွင်း မတ်လ၏ ၂၄ နာရီ အတွင်း ရွာသွန်းခဲ့သော မိုးရေချိန်စံချိန်သစ်အား တိုင်းထွာ ရရှိခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့အဝင်ရှိ လွယ်ဂျယ်လမ်းဆုံ၌ တရားမဝင်သစ်များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ယနေ့ သတင်းထုတ်ပြန်သည်။