Connect with us

Politics, Law & Military

လွယ်ဂျယ်လမ်းဆုံ၌ တရားမဝင်သစ်များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့်သစ်များအားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့အဝင်ရှိ လွယ်ဂျယ်လမ်းဆုံ၌ တရားမဝင်သစ်များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့အဝင်ရှိ လွယ်ဂျယ်လမ်းဆုံ၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်များ ဝင်/ထွက်သွားလာမှုအား စစ်ဆေးစဉ် မတ် ၁ဝ ရက် ည ၉ နာရီခန့်တွင် ဝမ်လောကျေးရွာဘက်မှ ခိုလမ်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ် ငါးစီးအား ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုမောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်များနောက်သို့ ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ ကွန်ဟိန်းမြို့၏ အနောက်ဘက် ၈ မိုင်ခန့်အကွာ၌ ယာဉ်မောင်းများဖြစ်ကြသည့် စိုင်းပီး(ဘ)ဦးလုံးလိမ်၊ ထွန်းလျှံ(ဘ) ဦးလုံးကျော်၊ စိုင်းပြား(ဘ)ဦးပါမွန်၊ စိုင်းဦး(ဘ)ဦးလုံးနွမ်၊ စိုင်းအုံး(ဘ)ဦးလုံးမော်ထိန်၊ ယာဉ်နောက်လိုက်များ ဖြစ်ကြသည့် အိုက်ဆွေ(ဘ)ဦးလုံးပြား၊ ဝိုင်းဟန်(ဘ)ဦးအိုက်ခမ်း၊ ကောလျှံ(ဘ)ဦးပါဝိုင်၊ စိုင်းဝင်း(ဘ) ဦးလုံးဆိုင်နှင့် မောင်လေး(ဘ)ဦးလုံးလိုင် တို့ကို ယာဉ်များပေါ်တွင် တင်ဆောင်လာသည့် တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ ခြောက်တန်ခန့်၊ WALTHER အမျိုးအစား ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၎င်းကျည်တစ်တောင့် တို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၊ သစ်များနှင့်ယာဉ်များအား ကွန်ဟိန်းမြို့နယ်ရဲစခန်းနှင့် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.