မက္ကဆီကို စီးတီး၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန် ဒီယာဂို (San Diego) မြို့နှင့် မက္ကဆီကိုနိုင်ငံ တီယူအာနာ (Tijuana) နယ်စပ်မြို့အကြား တရားမဝင် မူးယစ်ဆေးဝါးများ သယ်ယူရာတွင် အသုံးပြုသည့် လျှို့ဝှက်ဥမင် အား မက္ကဆီကိုနှင့် အမေရိကန် ရဲတပ်ဖွဲ့များက...
နီယာမေ ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အာဖရိကတိုက် အနောက်ပိုင်း နိုင်ဂျာနိုင်ငံတွင် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားလျက်ရှိရာ ယခုနှစ် ဇန်နဝါ ရီလမှစ၍ ၇၆ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအချို့ ဒေသများတွင်လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းလေပြင်း တိုက်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူကျေးရွာရှိ မွေတော်ကက္ကူဘုရားဝင်းအတွင်း တွင်လည်း ဧပြီလ ၂၂ ရက် ည ၇ နာရီခွဲမှ ၈ နာရီထိ လေပြင်းတိုက်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မိုဘိုင်းဖုန်း အသုံးပြုသူများ အနေဖြင့် တရုတ် ဂန ္တဝင်စာပေများ စုစည်းမှုအား ကမ္ဘာ့စာအုပ်နေ့ ဖြစ်သည့် ဧပြီ လ ၂၃ ရက် ကစတင်ကာ WeChat မှတဆင့် ဖတ်ရှုနိုင်ပြီ ဖြစ်သည်။
ယူနန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) တည်ဆောက်ချိန် ၅ နှစ်အချိန်ယူပြီးနောက် အာရှတိုက်၏ အမြင့်ဆုံးနှင့် အရှည်လျားဆုံး လုံကျန်းတံတားကြီးကို အချောသတ်ပြီးစီးခဲ့ပြီး ဧပြီလ ၅ ရက်နေ့တွင် စမ်းသပ်၍ ဖြတ်သန်းသွားလာမှုများပြုလုပ်ခဲ့သည်။ အဆိုပါ ကြိုးတံတားသည် ပေပေါင်း ၈၁ဝဝ ပေ ရှည်လျားပြီး တရုတ်နိုင်ငံ အနောက်တောင်ဘက်...