ဝါရှင်တန် ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘဏ် နှင့် အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) တို့သည် အနာဂတ်တွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာ တစ်ရပ် ကို ဧပြီလ ၂၃ ရက်နေ့ က ဝါရှင်တန် တွင် လက်မှတ်ရေးထိုး ခဲ့ကြသည်။
နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ် တွင် ဧပြီ ၂၂ ရက် က ဓါတ်ဆီဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူ ၈ဦးထက်မနည်း သေဆုံးပြီး လူ ၄ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ်ရှိ စစ်တပ်စခန်းတစ်ခုအားဧပြီလ ၂၁ ရက်က တာလီဘန်တို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အာဖဂန် စစ်သား ၁၃၅ဦးထက်မနည်းသေဆုံးပြီး ၆၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ ဧပြီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၂၄၃/၄-၅) ကြားတွင် ဧပြီ ၂၂ ရက်တွင် ဖြစ်ပွားခဲ့သော ခရီးသည်တင် ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ၁ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။