တီဟီရန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦးက ဆီးရီးယားနိုင်ငံ စစ်တပ်ကို ဆန့်ကျင်၍ စစ်ရေးကိစ္စများတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုများ နှင့်ပတ်သက်၍ သတိပေးပြောကြားခဲ့ကြောင်း ရုပ်သံလိုင်းတစ်ခု က အောက်တိုဘာ ၃ ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော တိုင်းရင်းဆေးဝါး ၂ မျိုးတွင် အနောက်တိုင်းဆေး ရောနှော ထားကြောင်း စိစစ် တွေ့ရှိရသဖြင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်းနှင့် သတိပြု ဝယ်ယူသုံးစွဲနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေး နှိုးဆော်ခဲ့သည်။
ရာဘတ်၊ အောက်တိုဘာ ၄ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် IS စစ်သွေးကြွအဖွဲ့နှင့် အဆက်အသွယ်ရှိနေသည့် အမျိုးသမီး ၁၀ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၃ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်အထိ နေပြည်တော် မဏိရတနာခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အကြပ်၊ စစ်သည် ၅၄၀၂ဦးကို တစ်ဆင့်မြင့် ရာထူးအဆင့်များအဖြစ် အောက်တိုဘာ ၁ရက်နေ့မှ စတင်ပြီး တိုးမြှင့်ပေးအပ်လိုက်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်လိုက်သည်။