Connect with us

Local

မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်

နေပြည်တော်တွင် မြန်မာ့ကျောက်မျက် ရတနာပြပွဲကျင်းပနေစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်အထိ နေပြည်တော် မဏိရတနာခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီထံမှ သိရသည်။

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်း၊ ကျောက်မျက် အရိုင်းတုံးများ၊ ကျောက် အချောထည်များ၊ လက်ဝတ် ရတနာများ၊ ရုပ်တုရုပ်ထွင်းများ၊ ကျောက်ကပ်ပန်းချီကားများနှင့် ရွှေထည်ငွေထည်များကို ယူရိုငွေနှင့် ရောင်းချ မည်ဖြစ်သည်။

ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို အခြေခံဈေးနှုန်း သတ်မှတ်ပြီး အိတ်ဖွင့်တင်ဒါစနစ် ၊ ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချမည်ဖြစ်ရာ ပြည်ပရတနာကုန်သည်များ အနေဖြင့် အာမခံစပေါ်ငွေ ပေးသွင်းပြီးမှသာ တန်ဖိုးသတ်မှတ်ချက်များ အတိုင်း ဝယ်ယူရမည်ဖြစ်သည်။

ယင်း သတ်မှတ်ထားသော အာမခံစပေါ်ငွေထက် ပို၍ ဝယ်ယူလိုလျှင် မိမိဝယ်ယူလိုသော ကျောက်မျက်အတွဲ တန်ဖိုး၏ ၅ ရာခိုင်နှုန်းကို စပေါ်ငွေအဖြစ် ပြပွဲရက် အတွင်း ပေးသွင်းရမည်ဖြစ်သည်။

ပြည်ပရတနာ ကုန်သည်များ အနေဖြင့် အာမခံစပေါ်ငွေ ယူရို ၁ဝဝဝဝ ပေးသွင်းထားလျှင် ကျောက်မျက်အတွဲ အနည်းဆုံးတန်ဖိုး ယူရို ၂ဝဝဝဝဝ ဝယ်ယူခွင့်ပြုမည်ဖြစ်ပြီး ကျောက်စိမ်းအတွက် အနည်းဆုံးအာမခံ စပေါ်ငွေ ယူရို ၅ဝဝဝဝ ပေးသွင်းထားလျှင် ကျောက်မျက်အတွဲ တန်ဖိုး ယူရို ၁ဝဝဝဝဝဝ ဝယ်ယူခွင့်ပြုမည်ဖြစ်ကာ အနည်းဆုံး သတ်မှတ်ထားသော အာမခံစပေါ်ငွေအပေါ် မူတည်ပြီး ဝယ်ယူရမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.