ရှန်ရှီး၊ မေ ၁၅ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှိ နှစ်ပေါင်း သက်တမ်း ၂၁ဝဝ နီးပါးရှိပြီဖြစ်သော အုတ်ဂူထဲတွင် ကမ္ဘာ့သက်တမ်းအရှည်ဆုံးလက်ဘက်ခြောက်အား ရှာဖွေတွေ့ရှိပြီးနောက် ထို လက်ဘက်ခြောက်မှာ ဂင်းနစ်စံချိန်တင် ကမ္ဘာ့သက်တမ်းအရှည်ဆုံးလက်ဘက်ခြောက်ဖြစ်လာသည်။ အဆိုပါ တူးဖော်တွေ့ရှိမှုကို ရှန်ရှီးပြည်နယ် ရှေးဟောင်းသုတေသနကျောင်းက သုတေသီများသည် ဟန်ရန်လင်းသင်္ချိုင်းအား ၁၉၉၈ ခုနှစ်မှ...
ဒမတ်စကက်၊ မေ ၁၅ ရက် (ဆင်ဟွာ) မေလ ၁၄ ရက် အစောပိုင်းက အိုင်အက်စ် လက်သို့ ကျရောက်သွားသည့် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီးယာ အယ်လ်-ဇောပြည်နယ်ရှိ ဆေးရုံအား ဆီးရီးယားစစ်တပ်က ပြန်လည် သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ဘက်ဆိုင် ရာ သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။
ဟာဘင်၊ မေ ၁၅ ရက် (ဆင်ဟွာ) လွန်ခဲ့သော ၂၅ နှစ်က လူ ခြောက်ဦးအား သတ်ခဲ့ကြောင်း သံသယရှိသူ တစ်ဦးအား တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း Heilongjiang ဒေသ၌ ဖမ်းမိခဲ့ကြောင်း ဒေသဆိုင်ရာရဲက မေလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးခရိုင်လေးခရိုင်အတွင်း ၁၁-၆ ဒသမ ၆နှင့် ၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ဖြန့်ဖြူးရေးထရန်စဖော်မာအလုံး ၁၅၀ တပ်ဆင်ခြင်းလုပ်ငန်းများကို ရက်၁၀၀စီမံချက်အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့တွင် ကျင်းပမည့် အာဆီယံ- ရုရှား ဆက်ဆံရေး နှစ် (၂၀)ပြည့် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်မည်ဖြစ်သည်။