Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်၌ ထရန်စဖော်မာအလုံး ၁၅၀ ရက်၁၀၀စီမံချက်အတွင်း တပ်ဆင်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှ် လျှပ်စစ်တာဝါတိုင်များကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးခရိုင်လေးခရိုင်အတွင်း ၁၁-၆ ဒသမ ၆နှင့် ၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ဖြန့်ဖြူးရေးထရန်စဖော်မာအလုံး ၁၅၀ တပ်ဆင်ခြင်းလုပ်ငန်းများကို ရက်၁၀၀စီမံချက်အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်သူ့အတွက်ပထမရက်ပေါင်း ၁၀၀ အတွင်းလျှပ်စစ်ကဏ္ဍသည် ပြည်သူများအတွက် အလွန်အရေးပါသည့် အချက် တစ်ချက် ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုးချဲ့တည်ဆောက်ပြီး လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ခွဲရုံများကိုတိုးချဲ့ တည်ဆောက် သွားမည်ဖြစ်သည်။
အဆိုပါ ရက်၁၀၀စီမံချက်အတွင်း လက်ရှိကြုံတွေ့နေရသည့် ဓာတ်အားပျောက်ဆုံးမှုကိုလျော့နည်းစေပြီး ဓာတ်အားပိုမိုပို့လွှတ်ပေးနိုင်ရန် တည်ငြိမ်သည့် ဗို့အားနှင့် ဓာတ်အား ဖြန့်ဖြူးပေးရန် စီမံချက်များကို အဓိကလုပ်ဆောင်သွားမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး တွင် လက်ရှိကြုံတွေ့နေ ရသည့် အခြေအနေအရ လှော်ကားဓာတ်အားပေး စက်ရုံမှာ GT ဓာတ်အားပေးစက်များ စွမ်းအားပြည့်မောင်းနှင်သည့် အနေ အထားမှာ ပုံမှန် ဓာတ်အားပေးနိုင်သည့်အောက် ထုတ်လုပ်မှုကျဆင်းနေသည့်အတွက် ယခုအချိန်တွင် ၂၃၀ ကေဗွီ (၁၀၀) အမ်ဗွီအေ Bank အမှတ် ၄ က Overload ဖြစ်နေသဖြင့် ဝန်အား ၂၀ မဂ္ဂါဝပ်လျှော့ပေး နေရပြီး ရွာမပင်ဓာတ်အားခွဲရုံမှာလည်း စက်အခက်အခဲကြောင့် ရန်ကုန်စက်မှုဇုန်ကို ၅ မဂ္ဂါဝပ် နေ့စဉ် ဝန်အား လျှော့ချနေရသောကြောင့် အမြန်ဆုံး ပြင်ဆင်ဖြည့် တင်းနေပြီး ဖြေရှင်းပေးနိုင်ရန် ထရန်စဖော်မာအလုံး ၁၅၀ တပ်ဆင်မည်ဖြစ်သည်။

စွမ်းအင်ကဏ္ဍတွင် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် သစ်တောပြုန်းတီးမှုကို လျှော့ချရန် ထင်းအစားထိုး မီးဖိုချောင်သုံးလောင်စာ အဖြစ် ရေနံ ဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းများကို ၂၀၁၁ခုနှစ် ကတည်းကပုဂ္ဂလိကလုပ်ငန်းရှင်များကို ခွင့်ပြုထားခဲ့ပြီး ယခုအချိန်တွင် ပြည်သူမျာ းပိုမိုသုံးစွဲနိုင်ရန် လုပ်ငန်းလိုင်စင်နှစ်မျိုးမှငါးမျိုးအထိ တိုးချဲ့ပြီးခွင့်ပြုနိုင်ရန် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ပူးပေါင်းစီမံသွားမှာဖြစ်ပြီး ယခုအချိန်ထိပုဂ္ဂလိကကုမ္ပဏီ ၁၃ ခုကို လုပ်ကိုင် ခွင့်ပြုထားပြီး ဖြစ်သည်။

နေပြည်တော်၊ တံတားဦး၊ မြစ်ကြီးနား၊ ဟဲဟိုး၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊စစ်တွေ၊ မော်လမြိုင်နှင့် ကျောက်ဖြူ လေယာဉ် ဆီဌာနခွဲ ၁၁ ခုတွင် လယာဉ်ဆီဖြန့်ဖြူး ရောင်းချခြင်းများကို စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီသုံးစွဲမှုကို လျှော့ချနိုင်ရန် သဘာ၀ ဓာတ်ငွေ့သုံးမော်တော်ယာဉ်အဖြစ် ယခုအချိန် တွင် အစီးရေ၂၈၂၃၄ စီး အထိခွင့်ပြုထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည် ပို့ဆောင်ရေး ကဏ္ဍအတွက် City Bus များကို တိုးတက်ဖြန့်ဖြူးပေးနိုင် ရန် ပြင်ဆင်နေပြီးအများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများကယာဉ်သစ် ၆၅ စီးကိုတစ်စီးလျှင် ဓာတ်ငွေ့ ၆၀၀ လီတာ နှုန်းနှင့် တိုးမြှင့်ဖြန့်ဖြူးပေး နိုင်ရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.