ပေကျင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) စိန်ခေါ်မှုများ မြင့်တက်လာသည့် တစ်နှစ်တာအတွင်း တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် ပြန်လည်နာလန်ထူမှုလက္ခဏာများ ပိုမိုရှင်းရှင်းလင်းပေါ်ထွက်လာသလို ယုံကြည်မှုစိတ်ချကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီး ဝယ်လိုအားကိုလည်း ပြန်လည်ဆန်းသစ်ပေးသည့် ကောင်းမွန်သော မူဝါဒများဖြင့် အားဖြည့်ပေးနိုင်ခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် မကြာမီ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိတော့မည်ဖြစ်ကာ သတ်မှတ်ချက်အများစုအား သဘောတူညီထားပြီးဖြစ်ကြောင်း ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၁ ရက်၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။ အဆိုပြုထားသော သဘောတူညီချက် မူကြမ်း၌ တိုက်ပွဲများကို တဖြည်းဖြည်းရပ်တန့်ရေး၊ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးတို့ ပါဝင်သည့်အပြင် နောက်ဆုံးအဆင့်...
အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသကို စစ်ရေးအကူအညီပေးခြင်းနှင့် လက်နက်ရောင်းချခြင်းများကို တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်သလို အခိုင်အမာဆန့်ကျင်ကြောင်းနှင့် အမေရိကန်အား အလေးအနက်ကန့်ကွက်မှုများ ချက်ချင်းပြုလုပ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZOh …………………………………….. (English Version) China strongly deplores, firmly...
တရုတ်ဥပဒေပြုလွှတ်တော်အမတ်များက မမျှတစွာယှဥ်ပြိုင်မှု တိုက်ဖျက်ရေးဥပဒေ မူကြမ်းပြင်ဆင်ရေးအတွက် စဥ်းစားသုံးသပ်လျက်ရှိကာ ထိုကဲ့သို့ ပြင်ဆင်ခြင်းက စီးပွားရေးလုပ်ငန်းများအတွက် မျှတသော ဈေးကွက်ဝန်းကျင်ကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ ထိုဥပဒေမူကြမ်းအား အလေးအနက်သုံးသပ်ရန်အတွက် လက်ရှိကျင်းပနေသော တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ အစည်းအဝေးသို့ ဒီဇင်ဘာ ၂၁ ရက်၌ တင်သွင်းထားကာ ထိုဥပဒေအား ၁၉၉၃ ခုနှစ်၌...
ရှန်ဟိုင်းဆိပ်ကမ်းသည် ဒီဇင်ဘာ ၂၂ ရက်တွင် တစ်နှစ်တာအတွင်း ကွန်တိန်နာလက်ခံဆောင်ရွက်နိုင်မှုပမာဏမှာ ပေ ၂၀ ကွန်တိန်နာနှင့်ညီမျှသော ယူနစ် (TEUs) သန်း ၅၀ ကျော်လွန်ခဲ့သည့် ကမ္ဘာ့ပထမဆုံး ဆိပ်ကမ်းဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ အဆိုပါဆိပ်ကမ်းသည် နှစ်စဉ် ကွန်တိန်နာလက်ခံဆောင်ရွက်နိုင်မှုအရ ၁၄ နှစ်ဆက်တိုက် ကမ္ဘာ့ပထမဆုံးအဆင့်၌ ရပ်တည်လျက်ရှိသည်။ (Xinhua)...