ရာဘတ်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ ရာဘတ်မြို့ရှိ ပရင့်စ်မူလေအက်ဘ်ဒယ်လာ အားကစားကွင်း၌ ဒီဇင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်မော်ရိုကိုက ကိုမိုရော့စ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဘရာဟင် ဒီယက်ဇ်နှင့် အေယော့ဘ် အယ်လ်ကာဘီတို့၏ ဒုတိယပိုင်းသွင်းဂိုးများဖြင့် မော်ရိုကိုက...
ပေကျင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ယခုနှစ် ဒီဇင်ဘာ ၂၁ ရက်သည် ဆောင်းယဉ်စွန်းရာသီချိန် (တုန်းကျစ်) ဖြစ်ရာ တရုတ်နိုင်ငံ ပေကျင်းမြို့ နွေရာသီစံနန်းတော်ရှိ ဆယ့်ခုနစ်ပေါက် ခုံးတံတား၏ “ရွှေအိုရောင် တံတားပေါက်” အလှမြင်ကွင်းက ခရီးသွားဧည့်သည်နှင့် ဓာတ်ပုံဝါသနာရှင်များကို ရှုစားရိုက်ကူးရန် ဆွဲဆောင်ခဲ့သည်။ (Xinhua)...
လန်ဒန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၂၀ ရက် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်က အဲဗာတန်ကို အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် ခက်ခက်ခဲခဲကစားကာ အနိုင်ရရှိခဲ့ပြီး ခရစ္စမတ်ကာလတွင် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်မည်ဖြစ်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အန်နီမေးရှင်းရုပ်ရှင် လက်မှတ်ရောင်းအားသည် ၂၀၂၅ ခုနှစ်တွင် ယွမ် ၂၅ ဘီလီယံကျော်လွန်ခဲ့ပြီး ယင်းမှာ နိုင်ငံသမိုင်းတွင် အန်နီမေးရှင်းရုပ်ရှင်များအတွက် ဝင်ငွေအမြင့်မားဆုံးနှစ်ဖြစ်စေခဲ့ကြောင်း အွန်လိုင်းလက်မှတ်ရောင်းချမှု ပလက်ဖောင်းမှ အချက်အလက်များအရ သိရသည်။
ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ထိုင်းစစ်တပ်သည် F-16 တိုက်လေယာဉ် စေလွှတ်ကာ ကမ္ဘောဒီးယားရှိ ကွန်ကရစ်တံတားတစ်စင်းကို ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဒီဇင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။