ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ကမ္ဘာ့အချက်အလက်အဖွဲ့အစည်း (WDO) ၏ တရားဝင်တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ၎င်း၏ပထမဆုံးအထွေထွေအစည်းအဝေးကို မတ် ၃၀ ရက်၌ ကျင်းပခဲ့သည်။ အစည်းအဝေးအတွင်း အဖွဲ့ဝင်များက WDO ၏ပဋိညာဉ်စာတမ်းကို ပြန်လည်သုံးသပ်၍ အတည်ပြုခဲ့ပြီး ၎င်း၏ပထမဆုံးကောင်စီဝင်များနှင့် ကြီးကြပ်ရေးမှူးအဖွဲ့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။...
ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ စက်ရုပ်အချက်အလက် လေ့ကျင့်ရေးစင်တာတွင် ဉာဏ်ရည်တု (AI) စနစ်ထည့်သွင်းထားသည့် စက်ရုပ်များက ထို “စက်ရုပ်သင်တန်းကျောင်း” ၌ လေ့ကျင့်သင်ယူမှုများမှတစ်ဆင့် ဉာဏ်ရည်များ ပိုမိုထက်မြက်လာလျက်ရှိကြသည်။ အဆိုပါစက်ရုပ်သင်တန်းကျောင်း၌ စက်ရုပ်များက စက်မှုလုပ်ငန်းကုန်ထုတ်လုပ်မှု၊ စမတ်နေအိမ်များနှင့် စီးပွားဖြစ်ဝန်ဆောင်မှုများကဲ့သို့သော အခြေအနေများတွင် အချက်အလက်များ...
နေပြည်တော်၊ မတ် ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမည်စာရင်းတင်သွင်းလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (မတ် ၃၀ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။ အဆိုပါ အမည်စာရင်းတင်သွင်းမှုသည် သမ္မတရွေးချယ်တင်မြှောက်ခြင်း လုပ်ငန်းစဉ်အတွက် ပဏာမအဆင့် ဖြစ်ပြီး...
ဆုဇုကာ၊ ဂျပန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) ဂျပန်ဂရင်းပရီ ကားမောင်းပြိုင်ပွဲတွင် မာစီဒီးစ်အသင်း၏ ဒရိုင်ဘာ ကီမီ အန်တိုနယ်လီက တာထွက်ချိန်၌ အားနည်းချက်များရှိခဲ့သော်လည်း အချိန်မီပြန်လည်ကုစားနိုင်ခဲ့ပြီး safety car ထွက်လာချိန်ကို အချိန်ကိုက်အခွင့်အရေးယူကာ အနိုင်ရဗိုလ်စွဲခဲ့ပြီး ဖော်မြူလာဝမ်းပြိုင်ပွဲ နှစ်ခုတွင် ဆက်တိုက်အောင်ပွဲခံနိုင်ခဲ့သည်။ အဆိုပါ အီတလီသား ဒရိုင်ဘာအနေဖြင့်...
နေပြည်တော်၊ မတ် ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏နေရာတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့ (မတ် ၃၀ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)