ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီဥက္ကဋ္ဌ ဖုဟွာသည် တရုတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Abdolreza Rahmani Fazli နှင့် နိုဝင်ဘာ ၄ ရက်တွင် ပေကျင်း၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
မနီလာ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း အဂူဆန်ဒယ်ဆာပြည်နယ်တွင် နိုဝင်ဘာ ၄ ရက်က ပျက်ကျခဲ့သော Super Huey ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ဖိလစ်ပိုင်လေတပ်စစ်သည် ခြောက်ဦး၏ ရုပ်အလောင်းများကို ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များက ပြန်လည်ဆယ်ယူခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင်လေတပ် (PAF) က ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဟာရီကိန်းမုန်တိုင်း မယ်လစ်ဆာကြောင့် ဟေတီနိုင်ငံတွင် လူ ၃၀ ဦးထက်မနည်း သေဆုံးပြီး ဂျမေကာနိုင်ငံ၌ လူပေါင်း ၁.၅ သန်းကျော် မုန်တိုင်းဘေးဒဏ်သင့်ခဲ့ရကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
တေဂူဆီဂါလ်ပါ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဟွန်ဒူးရပ်စ်အသင်းမန်နေဂျာ ရိန်းနယ်ဒို ရူဒါက နီကာရာဂွာနှင့် ကော်စတာရီကာအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့် အဆုံးအဖြတ်ဖြစ်သော ခြေစစ်ပွဲများအတွက် ၎င်း၏အသင်းလူစာရင်းတွင် ပွဲထွက်မကစားရသေးသော တိုက်စစ်မှူး အဲရစ် ပွာတိုကို ထည့်သွင်းလိုက်ကြောင်း ဟွန်ဒူးရပ်စ်ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ ၄ ရက်၌ ကြေညာခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် ပစိဖိတ်ကျွန်းနိုင်ငံများမှ ကိုယ်စားလှယ်များ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများအား ပေကျင်းမြို့တွင် နိုဝင်ဘာ ၄ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။