ရာမာလာ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ပါလက်စတိုင်းအရေး ညှိနှိုင်းဆောင်ရွက်ရာတွင် အရင်လူများ(ယခင်အမေရိကန်သမ္မတများ) ကဲ့သို့ပင် တူညီသော မူဝါဒဖြင့် လိုက်ပါ လုပ်ဆောင်နေကြောင်း ပါလက်စတိုင်းအဆင့်မြင့် အရာရှိတစ်ဦးက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ နယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်၌ မေလအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်ပို့ဆောင်မှုပမာဏ နှင့် ကုန်စည်ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးများမှာ တိုးလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။
ဝါရှင်တန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ဝါရှင်တန်ဒီစီ၌ ဇွန် ၁၉ ရက် ညပိုင်းတွင် သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားပြီးနောက် ဆယ်ကျော်သက်လူငယ် ၁ ဦး သေဆုံးကာ လူကြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပါရီ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ဇွန် ၁၉ ရက်တွင် ကျင်းပပြုလုပ်သော လွှတ်တော်ရွေးကောက်ပွဲ၏ ဒုတိယအကျော့မဲရလဒ်များအရ လာမည့် ပြင်သစ်လွှတ်တော်အစည်းအဝေးတွင် လက်ရှိသမ္မတမက်ခရွန်အနေဖြင့် အပြည့်အဝ ထောက်ခံမှုအများစုနေရာအတွက် ရရှိတော့မည်မဟုတ်ကြောင်း ယနေ့ ဇွန် ၂၀ ရက် နံနက်အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော အပြီးသတ်မဲစားရင်းရလဒ်များ အရ...
ပေကျင်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက လူလိုက်ပါအာကာသယာဉ် Shenzhou-14အတွက် သတ္တုအခြေခံ အပူထိန်းလွှာကို တီထွင်ခဲ့ရာ ၎င်းမှာ အာကာသယာဉ်မှူးများ ဂြိုဟ်ပတ်လမ်းအတွင်း ၆ လကြာနေထိုင်ချိန်ကာလအတွင်း အပူလွန်၊အအေးလွန်ခြင်းဒဏ်မှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။