Connect with us

Economy

တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်နယ်စပ်၌ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုပမာဏနှင့် တန်ဖိုးများ တိုးတက်လာ

တရုတ်-မြန်မာ နယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်၌ ကုန်စည်ပို့ဆောင်မှုများအား တွေ့ရစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar )

ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်၌ မေလအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်ပို့ဆောင်မှုပမာဏ နှင့် ကုန်စည်ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးများမှာ တိုးလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။မုန်တိန်အကောက်ခွန်ဌာန၏ စာရင်းပြုစုမှုအရ မုန်တိန်-ချင်းရွှေဟော်နယ်စပ်၌ မေလအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်ပို့ဆောင်မှုပမာဏ တန်ချိန် ၈၆,၈၀၀ ရှိပြီး ယခင်နှစ်ကာလတူထက် ၈၀.၆ ရာခိုင်နှုန်း တိုးလာပြီး ကုန်စည်ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးမှာ ယွမ် ၃၃၄ သန်းရှိကာ ယခင်နှစ်ကာလတူထက် ၁၃၃.၆ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။

တရုတ်-မြန်မာ နယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်၌ ကုန်စည်ပို့ဆောင်မှုများအား တွေ့ရစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

နှစ်စဉ် ဒီဇင်ဘာလမှ နောက်တစ်နှစ် မေလအထိ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၌ ကြံစိုက်ပျိုးမှုနှင့် ရိတ်သိမ်းရာသီသို့ ဝင်ရောက်ခဲ့ပြီး နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံမြောက်ပိုင်း၌ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး နှင့် တောင်သူများ ဝင်ငွေတိုးပွားစေရေး တို့အတွက် ယခုနှစ်မှစ၍ အဆိုပါ နယ်စပ်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံမှ တင်သွင်းသော ကြံတန်ချိန် ၁၁၃,၀၀၀ ကို ဂိတ်ဖြတ်သန်းမှု အဆင်ပြေချောမွေ့စေရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)