ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ-တရုတ်နယ်စပ်မျဉ်းအနီး ဖီမော်နှင့်ဆော့လော်ကျေးရွာကြားရှိ အီမောဘွန်ရေခဲတောင်သို့ ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသသစ်တစ်ခု ကို COVID-19 အလွန်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးဦးခိုင်ဝင်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားသည်။
အန်ဒရာပရာဒစ်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး အီလုရူ(Eluru)မြို့တွင် အမည်မသိရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းမှာ သောက်သုံးရေအတွင်း ခဲနှင့်နီကယ်သတ္တုပါဝင်မှုကြောင့် ဖြစ်နိုင်ကြောင်း အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း အန်ဒရာပရာဒစ်(Andhra Pradesh)ပြည်နယ် အစိုးရက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ၎င်းအတွက် ကာကွယ်ဆေးရရှိလာမည့်ချိန်တွင် အများပြည်သူရှေ့မှောက်၌ COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ခံယူသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၄၂၇ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံ၌ COVID-19 လူနာ ၁၀၃,၁၆၆ ဦးနှင့် သေဆုံးသူ ၂၁၇၄ဦးထိရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏...