Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမကြီးပေါ် ၌ မော်တော်ယာဉ် ၅ စီး ဆင့်တိုက်မှု ဖြစ်ပွါး

မော်တော်ယာဉ် ၅ဆင့်တိုက်မှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ--သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ယနေ့ ဇွန် ၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမကြီးပေါ် ၌ မော်တော်ယာဉ် ၅ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာတွင် ကူညီပေးခဲ့သည့် လူမှုကူညီရေး အဖွဲ့တစ်ခုမှ သိရသည်။အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး လူနာများကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ လူမှုကူညီရေးအသင်းများက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ် ၅ဆင့်တိုက်မှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ–သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့)

မော်တော်ယာဉ် ၅ဆင့်တိုက်မှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ–သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့)

သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ မရွှေမှုံ က “ ယာဉ်တိုက်မှုကြောင့် ၃ ယောက်ဒဏ်ရာရတယ်ပြောတယ်။ ကျွန်မရောက်တဲ့အချိန်တော့ လူနာတွေ ကို လူမှုကူညီရေးအသင်းအဖွဲ့ နှစ်ဖွဲ့က သယ်သွားပါပြီ။ ကျွန်မကတော့ အခင်းဖြစ်တဲ့နေရာမှာ လိုက်ပြီး အကူအညီပေးရင်းကျန်ခဲ့ပါတယ်’’ ဟု ဆင်ဟွာသို့ ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.