ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၂,၅၀၀ ကျော်ထွက်ရှိပြီး အမှိုက်လျှော့ချရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှူး ဦးတိုးအောင်က ဆင်ဟွာသို့ ယနေ့ ဇွန် ၇ ရက်တွင် ပြောသည်။
ကိုလံဘို ၊ ဇွန် ၇ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ လက်ရှိ ဖြစ်ပေါ်နေသော စီးပွားရေးအကျပ်အတည်းကြားထဲတွင် တိရစ္ဆာန်ရုံများရှိ တိရစ္ဆာန်များအား နေ့စဉ်အစားအစာများ ထောက်ပံ့ပေးရန် ရန်ပုံငွေကုန်ဆုံးသွားကြောင်း တောရိုင်းတိရစ္ဆာန်ဝန်ကြီးဌာနအား သတ္တဗေဒဌာနက အကြောင်းကြားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
မက္ကဆီကိုစီးတီး ၊ ဇွန် ၇ ရက်(ဆင်ဟွာ) အချို့နိုင်ငံများအား အမေရိကန်နိုင်ငံက ချန်လှပ်ထားခြင်းကြောင့် ယခုရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်မည့် အမေရိကတိုက်နိုင်ငံများထိပ်သီးအစည်းအဝေးသို့ တက်ရောက်လိမ့်မည်မဟုတ်ကြောင်း မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador က ဇွန် ၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း သို့မဟုတ် ယူကရိန်းနိုင်ငံသို့ လက်နက်များ အဆက်မပြတ် ထောက်ပံ့ပေးခြင်း မပြုကြရန် တရုတ်သံတမန်က ဇွန် ၆ ရက်တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့သို့ ဦးတည်ပျံသန်းသော ၎င်း၏ လေယာဉ်ခရီးစဉ် ဟန့်တားပိတ်ဆို့ခံရခြင်းနှင့်ပတ်သက်၍ ဆားဗီးယားပတ်ပတ်လည်ရှိ အိမ်နီးချင်းနိုင်ငံများ၏ “ မထင်မှတ်ထားသော ဆုံးဖြတ်ချက်များ” အပေါ် ဇွန် ၆ ရက်တွင် ပြစ်တင်ရှုတ်ချ လိုက်သည်။