Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ရှိ မြို့နယ် ၃၃ မြို့နယ်တွင် တစ်ရက် အမှိုက်တန်ချိန် ၂,၅၀၀ ကျော်ထွက်ရှိ

ရန်ကုန်မြို့ရှိ အမှိုက်ပုံတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၂,၅၀၀ ကျော်ထွက်ရှိပြီး အမှိုက်လျှော့ချရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှူး ဦးတိုးအောင်က ဆင်ဟွာသို့ ယနေ့ ဇွန် ၇ ရက်တွင် ပြောသည်။ဦးတိုးအောင်က “ တန်ချိန် ၂,၅၀၀ က ကျွန်တော်တို့ နေ့စဉ် သိမ်းနေရတဲ့ အမှိုက်တန်ချိန်ပေါ့။အမှိုက်လျှော့ချရေးအတွက် လုပ်နေပါတယ်။ ရေသန့်ဘူးခွံတို့၊ ပလပ်စတစ်ဘူးခွံတို့ကို မပစ်ဘဲ recycle လုပ်ဖို့ ပြန်သိမ်းဆည်းတယ်။ သစ်ရွက်ဆွေးတို့၊ သစ်ရွက်ခြောက်တို့၊ သစ်ကိုင်းခြောက်တို့ ကိုလည်း အမှိုက်စွန့်ပစ်တဲ့အထဲမတည့်တော့ပဲ အမှိုက်လျှော့ချရေးအတွက် ဆောင်ရွက်နေပါတယ်’’ ဟုပြောသည်။

ယင်းအမှိုက် တန်ချိန် ၂,၅၀၀ကျော်အား အမှိုက်သိမ်းယာဉ် ၄၀၀ ကျော်ဖြင့် နေ့စဉ် သိမ်းဆည်းပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါအမှိုက်များအား အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားကာ ထိန်ပင်အမှိုက်ပုံ၊ ထားဝယ်ချောက်အမှိုက်ပုံ၊ ဒလအမှိုက်ပုံနှင့် ဆိပ်ကြီးခနောင်တို အမှိုက်ပုံတို့သို့ ပို့ဆောင် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117