နူကူးအေလိုဖာ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ၎င်းတို့၏ သံတမန်ဆက်ဆံရေးထူထောင်ချိန်မှစတင်ကာ တွန်ဂါနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် ခိုင်မာသန်စွမ်းသောတိုးတက်မှုကို မြင်တွေ့ခဲ့ရပြီးဖြစ်ကြောင်း တွန်ဂါနိုင်ငံဘုရင် Tupou VI က မေ ၃၁ ရက်တွင်ပြောကြားခဲ့ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မြဲမြံစွာလိုက်နာရန် ကတိပြုကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုကြီးမားတိုးတက်စေရန် မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝီစီးယားနား Xavier တက္ကသိုလ်ကျောင်းပရဝဏ်တွင် မေ ၃၁ ရက်က အထက်တန်းသင်ယူပြီးမြောက်ကြောင်း ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ပြီးနောက်တွင် လူ သုံးဦး သေနတ်ပစ်ခံရကြောင်း အာဏာပိုင်များက ဆိုသည်။
ကျိန့်ကျိုး၊ မေ ၃၁ ရက် (ဆင်ဟွာ) မက္ကဆီကို ကုန်တင်လေကြောင်းလိုင်း Mas ၏ ကုန်တင်လေယာဉ်တစ်စင်းသည် စနေနေ့တွင် တရုတ်နိုင်ငံ အလယ်ပိုင်း ကျိန့်ကျိုးမြို့ ရှိ Xinzheng အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ခဲ့သည်၊ ကျိန့်ကျိုးမြို့ နှင့် မက္ကဆီကိုမြို့ ကြားတွင် အသစ်ဖွင့်လှစ်လိုက်သော လေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း၏ အောင်မြင်သော...
ကျိုချွမ်၊ မေ ၃၁ ရက်(ဆင်ဟွာ) လူလိုက်ပါမည့် အာကာသယာဉ် Shenzhou-14 နှင့် ယင်းအားသယ်ဆောင်မည့် Long March-2F သယ်ဆောင်ရေး ဒုံးပျံ တို့ ကို အာကာသယာဉ်လွှတ်တင်မည့် ဧရိယာသို့ ရွှေ့ပြောင်းထားပြီး ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA)က မေ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ လွှတ်တင်မည့်နေရာအဆောက်အဦနှင့်စက်ကိရိယာ အနေအထားများမှာ...
ကူမင်း၊ မေ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ် နင်းနန်ခရိုင်နှင့် ယူနန်ပြည်နယ် ချောင်ကျားခရိုင်ဆက်ကြားရှိ ကျင်းဆားမြစ်လျှိုမြောင်၏ တောတောင်များက မိုးကျပြီးနောက် စိမ်းလန်းစိုပြေလျက်ရှိသည်ကို မေ ၃၀ ရက် နံနက်ပိုင်းတွင် တွေ့မြင်ရမည် ဖြစ်သည်။