ဆိုးလ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) စက်သုံးဆီဈေးနှုန်းများ တဟုန်ထိုး မြင့်တက်လာခြင်းနှင့်စားသောက်ကုန်များဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ဇွန်လတွင် ၂၄ နှစ်နီးပါးအတွင်း တောင်ကိုရီးယား၏ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ေသာ စာရင်းအင်းရုံး အချက်အလက်များက ဖော်ပြထားသည်။
ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ အဖွဲ့ဝင် ၃၀ နိုင်ငံက ဖင်လန်နှင့် ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး သဘောတူညီချက်ကို ဇူလိုင် ၅ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး နေတိုးအဖွဲ့ “မြောက်ဘက်သို့ တိုးချဲ့မှု” ဆီသို့ ဆက်လက်ဦးတည်ခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အစိုးရတုံ့ပြန်မှုနှေးကွေးသောကြောင့် မျောက်ကျောက်ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်ရေး ဆုံးရှုံးနိုင်ခြေအန္တရာယ်ရှိကြောင်း ဆေးဘက်ဆိုင်ရာပညာရှင်များက သတိပေးလျက်ရှိကြောင်း The Hill သတင်းစာက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို သက်ဆိုင်ရာနိုင်ငံများရှိ ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို သံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများ၌ “ပုံမှန်အတိုင်း” လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) အမေရိကန်တွင် “လူဖြူဦးစားပေး”နှင့်”လူမျိုးရေးအစားထိုးမှုအဆို” ပွက်လောရိုက်နေသလို စနစ်တကျ၊ကျယ်ကျယ်ပြန့်ပြန့် လူမျိုးရေးခွဲခြားမှုက ပိုမို ဆိုးဝါးလာကြောင်း ယခုရက်ပိုင်းများအတွင်း ရဲတပ်ဖွဲ့ဝင်များက သေနတ် အချက်ပေါင်း ၆၀ ကျော် ပစ်ခတ်မှုကြောင့် အမေရိကန်ရှိ အာဖရိကနွယ်ဖွားလူငယ်တစ်ဦး သေဆုံးခြင်းဖြစ်ရပ်နှင့်စပ်လျဉ်းပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၅...