ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လာနီညာရာသီဥတုဖြစ်စဉ်သည် ဆောင်းရာသီကာလအတွင်း ဒီဇင်ဘာ ၊ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ လများတွင် အားအသင့်အတင့်မှ အားကောင်းသော လာနီညာ အဆင့်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ငလျင် ၂၀၄ ကြိမ် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ဒီဇင်ဘာ ၂ ရက်တွင်ပြောကြားသည်။“၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ လှုပ်ခဲ့တာဆိုရင် အင်အားအသင့်အတင့်အနေနဲ့က ၇ကြိမ်ရှိတယ်။ အင်အားပြင်းအနေနဲ့ ၁ကြိမ်ရှိတယ်။...
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ တွစ်တာလူမှုကွန်ရက်တွင် စာနှင့်တွဲတင်ထားသည့် ဩစတြေးလျစစ်သား ဓာတ်ပုံကို “ဓာတ်ပုံအတု”ဟူ၍ အပြစ်တင်ပြောဆိုနေခြင်းသည် ဩစတြေးလျအနေဖြင့် ကိုယ့်အပြစ်ကို သူများအပေါ်ပုံချရန် အဓိပ္ပါယ်မဲ့ကြိုးပမ်းခြင်းသာဖြစ်ပြီး ရည်ရွယ်ချက်အမှန်မှာ အဆိုပါ ပန်းချီဓါတ်ပုံကို အာရုံလွှဲရန် ၊ မဆီလျော်မှုကို ရှောင်ရှားရန် ၊ ဖိအားကိုခေါင်းလွှဲ၍...
နေပြည်တော်၊ ဒီဇင်ဘာ၂ ရက်(ဆင်ဟွာ) အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က အဂတိလိုက်စားမှု တိုက်ဖျက် ရေးကို စနစ်တကျ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အတွက် Global Corruption Barometer အရ အာရှနိုင်ငံများထဲ၌ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် ထိပ်ဆုံး နံပတ်(၁) နေရာ အထိ...
ပေကျင်း၊ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC)မှ သုတေသီများက အမေရိကန်နိုင်ငံရှိ သွေးနမူနာများကို စစ်ဆေးလေ့လာကြည့်ရာတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လလယ်ပိုင်းမှစ၍ လူအချို့တွင် ကိုရိုနာဗိုင်းရပ်စ်ခုခံအား ရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။