ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ လမ်း နှင့် ရေကြောင်း အခြေခံအဆောက်အအုံကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမလေးလအတွင်း ဆက်လက်တိုးတက်လာသည်ကို တွေ့မြင်ရကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်အတွင်းရှိ မူလတန်းစာသင်ကျောင်းတစ်ခု၌ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော ပစ်ခတ်မှုနှင့်ပတ်သက်၍ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မိကာ ဝမ်းနည်းရကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဝူးလူမုချီ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ရှင်းကျန်းနှင့်ပတ်သက်၍ အနောက်နိုင်ငံအချို့မှ နိုင်ငံရေးသမားများက အလိမ်အညာများ နှင့် တမင်ဖန်တီးသည့် မမှန်သတင်းများ ဆက်လက်ဖြန့်ဖြူးနေသော်လည်း ရှင်းကျန်းဒေသ၏ မကြုံစဖူး ဖွံ့ဖြိုးတိုးတက်မှု နှင့် ထူးခြားမှတ်သားဖွယ် အောင်မြင်ဖြစ်ထွန်းမှုများသည် အမှန်တရားကို ဖော်ပြနေသည်။
ကွမ်ကျိုး၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖိတ်ကြားချက်အရ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbockနှင့် မေ ၂၄ ရက်တွင် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဧရာဝတီတံတား (မကွေး)တွင် တံတားမြစ်ကြမ်းပြင် မြစ်ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် မေ ၂၆ ရက်မှ စတင်၍ ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန်အဆန် ရေလမ်းကြောင်း အား ရေလယ်တိုင်အမှတ် (၁၆) နှင့် (၁၇) အကြားမှ ပြောင်းလဲဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့်...