Connect with us

Environment, Disasters & Accidents

ဧရာဝတီတံတား (မကွေး)တွင် မေ ၂၆ရက်မှ စ၍ ရေလမ်းကြောင်း ပြောင်းလဲမည်

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ဧရာဝတီတံတား (မကွေး)တွင် တံတားမြစ်ကြမ်းပြင် မြစ်ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် မေ ၂၆ ရက်မှ စတင်၍ ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန်အဆန် ရေလမ်းကြောင်း အား ရေလယ်တိုင်အမှတ် (၁၆) နှင့် (၁၇) အကြားမှ ပြောင်းလဲဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ရေများချိန် ရေလမ်းကြောင်းပြောင်းလာတဲ့ အတွက် ဆောင်ရွက်ရတာပါ။ နောက်နေ့တွေမှာလည်း ရေလမ်းကြောင်းပြောင်းလဲမှုကို ဆက်ပြီးထုတ်ပြန်သွားဖို့ရှိပါတယ်’’ ဟုဆင်ဟွာသို့ ပြောသည်။

မူလကဧရာဝတီတံတား (မကွေး)သည် ရေယာဉ်များဖြတ်သန်းသွားလာရန် အစုန်၊ အဆန် လမ်းကြောင်း ၏ ရေလမ်းကြောင်း ကို ရေလယ်တိုင်အမှတ် (၁၇) နှင့် (၁၈) အကြားမှ သတ်မှတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြောင်းလဲမည့် ရေလမ်းကြောင်း ၏ ကင်းလွတ်အကျယ်မှာ မီတာ ၁၁၀ ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင် အထက် ၁၇မီတာရှိကြောင်း ၊ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါအစိမ်းရောင် တြိဂံအမှတ်အသားပြ၍ ညအခါ မီးစိမ်းထွန်း ပြသထားမည်ဖြစ်ကြောင်း၊ မဝင်ရသည့် ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားပြ၍ ညအခါ မီးနီထွန်းပြသထားမည်ဖြစ် ကြောင်း သိရသည်။

တံတားများ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် ၁၅ ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင်နှစ်ခုကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုရန် နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန် အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ချဉ်းကပ် ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ရေလမ်းသတိပေးချက်အားထုတ်ပြန်ထားသည်။(Xinhua)

ဧရာဝတီတံတား #ဆင်ဟွာ
#IrrawaddyBridge #Xinhua #Myanmar #XinhuaMyanmar

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.