မော်စကို၊ မေ ၂၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ စီးပွားရေးသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း “အခြေအနေကောင်းမွန်လျက်ရှိသည်ကို” အဓိကကျသည့် မိုက်ခရိုစီးပွားရေးအညွှန်းကိန်းများအားလုံးကသက်သေပြသလျက်ရှိကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဆိုသည်။
ဂျီနီဗာ၊ မေ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရေး အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးညီလာခံ WHAနှင့် WHA အထွေထွေကော်မတီ က နှစ်စဉ်ကျင်းပသည့်မျက်နှာစုံညီအစည်းအဝေးများတွင် ထိုင်ဝမ်မှ လေ့လာသူအဖြစ်အစည်းအဝေးသို့တက်ရောက်ရေး အဆိုတင်သွင်းမှုကို ပယ်ချကြောင်း မေလ ၂၃ ရက်တွင် အသီးသီး ဆုံးဖြတ်ခဲ့သည်။...
ဒမတ်စကတ်၊ မေ ၂၄ ရက် (ဆင်ဟွာ) ဆီးရီးယား၌ အရပ်သားများသေဆုံးမှုကို အမေရိကန်ဘက်က ဖုံးကွယ်ထားပြီး အမေရိကန်အနေဖြင့် ဆီးရီးယားအရပ်သားများကို ပစ်မှတ်ထားခဲ့သည်မှာ ကြာမြင့်နေပြီဟူသည့် စွပ်စွဲချက်အပေါ် ပင်တဂွန်၏ ငြင်းဆိုချက်အား ဆီးရီးယားလူမျိုးများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။
ကီဂါလီ ၊ မေ ၂၄ ရက်(ဆင်ဟွာ) ရဝမ်ဒါနိုင်ငံ အစိုးရက ၂၀၂၄ ခုနှစ်တွင် လူတိုင်းလျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် နိုင်ငံ၏ ကြိုးပမ်းမှုများအား မြှင့်တင်ရန် ရည်မှန်းသည့် ၄၃ ဒသမ ၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းကို စတင်ခဲ့ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်၊ မေ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် မကြာသေးမီက မျောက်ကျောက်ရောဂါ (monkeypox) လူအစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွါးခြင်းသည် သိပ္ပံပညာရှင်များထံမှ ကြီးမားသော စိုးရိမ်ပူပန်မှု ဖြစ်ပေါ်စေခဲ့သည်။ သို့ရာတွင် မျောက်ကျောက်ရောဂါသည် တစ်ချိန်တည်းတွင် လူထုကူးစက်မှုအန္တရာယ်ဖြစ်ပွားရန်မှာမူ “တော်တော်လေးနည်းပါး” ကြောင်းနှင့် “အထိတ်တလန့်ဖြစ်ရန်မရှိကြောင်း” ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ...