Connect with us

Videos

အမေရိကန်က ဆီးရီးယားအရပ်သားများအား သတ်ဖြတ်မှုအပေါ် ဆီးရီးယားနိုင်ငံသားများ ခွင့်မလွှတ်နိုင်

ဒမတ်စကတ်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဆီးရီးယား၌ အရပ်သားများသေဆုံးမှုကို အမေရိကန်ဘက်က ဖုံးကွယ်ထားပြီး အမေရိကန်အနေဖြင့် ဆီးရီးယားအရပ်သားများကို ပစ်မှတ်ထားခဲ့သည်မှာ ကြာမြင့်နေပြီဟူသည့် စွပ်စွဲချက်အပေါ် ပင်တဂွန်၏ ငြင်းဆိုချက်အား ဆီးရီးယားလူမျိုးများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။အစိုးရထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် Hasakah ရှိ ဒေသများတွင် အမေရိကန် အခြေစိုက်စခန်းများစွာတည်ရှိပြီး ၂၀၁၉ ခုနှစ်က Deir al-Zour ပြည်နယ် အရှေ့ပိုင်း Baghouz မြို့တွင်ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် အမေရိကန်တို့၏ တာဝန်မဟုတ်ကြောင်း ပင်တာဂွန်၏ ဖြေရှင်းချက်ကို ဆီးရီးယားလူမျိုးများက တုန်လှုပ်ခြောက်ခြားပြီး ဒေါသ ထွက်ခဲ့ကြသည်။

အမေရိကန်တို့သည် လူ့အခွင့်အရေးများကိုချိုးဖောက်နေသည့်အပြင် ဆီးရီးယားနိုင်ငံ၏ အရင်းအမြစ်များကိုခိုးယူကာ အရပ်သားများ၏ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေကြကြောင်း ၎င်းတို့ကပြောဆိုခဲ့သည်။

အမေရိကန်တို့က IS တို့ ထိန်းချုပ်ထားသည့် ဒေသများကိုပစ်မှတ်ထားကာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင်နေထိုင်သည့် အပြစ်မဲ့ အရပ်သားများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ကိုမြင်တွေ့ခဲ့သူအမြောက်အမြားရှိကြောင်းသိရသည်။ (Xinhua)

…………………………..
(English Version)

GLOBALink | Syrians don’t buy U.S. self-exoneration from massacring civilians in Syria
HASAKAH, Syria, May 23 (Xinhua) — Syrians slammed a recent Pentagon inquiry which rejects accusation that the United States covered up civilian deaths in Syria, saying the United States has been targeting civilians in Syria for long.
In the government-controlled parts of the northeastern province of Hasakah, where the U.S. has several bases, Syrians expressed dismay and anger at the Pentagon’s claims that the U.S. forces weren’t responsible for a massacre that took place in the town of Baghouz in the eastern province of Deir al-Zour in 2019.
They accused the United States of violating human rights, stealing Syrian resources and endangering the lives of civilians.
Many had even witnessed innocent civilians living in northern and northeastern Syria being killed by U.S. strikes targeting Islamic State (IS)-controlled areas.
Produced by Xinhua Global Service