ကူမင်း၊ မေ ၂၃ ရက်(ဆင်ဟွာ) ဆောက်လုပ်ရေးသမားများ၏ မဆုတ်မနစ်ကြိုးပမ်းမှုများကြောင့် မေ ၂၀ ရက်တွင် ပိုင်ဟဲ့ထန်း(Baihetan) ညာဘက်ကမ်းရှိ မြေအောက်စက်ရုံအတွင်း အမှတ် ၉ စက်အုပ်စု တပ်ဆင်မှုလုပ်ငန်း အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ၎င်းမှာ ပိုင်ဟဲ့ထန်း(Baihetan) ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခြင်း၏ ကြီးမားသော တိုးတက်မှုဖြစ်သလို ပိုင်ဟဲ့ထန်း(Baihetan) ရေအားလျှပ်စစ်စက်ရုံ...
ကွမ်ကျိုး၊ မေ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardarတို့သည် မေ ၂၂ ရက် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲ အတူကျင်းပခဲ့သည်။
ဖရန့်ဘတ် ၊ မေ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ဂျာမနီနိုင်ငံ ဖရန့်ဘတ်မြို့(Frankfurt) သို့ မကြာသေးခင်က တတိယမြောက် ကုန်တင်ရထားတစ်စင်း ဆိုက်ရောက်လာရာ ယင်းမှာ ဖရန့်ဘတ်မြို့အတွက် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အထွေထွေမန်နေဂျာတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ) ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့သည် ဗိုဗီနမ်အားကစားနည်းဖြင့် ယနေ့ မေ ၂၂ ရက်တွင် ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရေကြောင်းကုန်စည်ပို့ဆောင်မှုပမာဏသည် ယခုနှစ် ပထမလေးလတာအတွင်း နှစ်အလိုက် ၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။