ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံတွင် လက်ရှိ၌ ပြည်ပနိုင်ငံအချို့တွင် လက်တွေ့စမ်းသပ်မှုအဆင့်-၃ သို့ ရောက်ရှိနေသော COVID-19 ကာကွယ်ဆေး ငါးမျိုးရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့အခမ်းအနားကို COVID-19 ရောဂါဖြစ်ပွားသည့်ကာလဖြစ်သောကြောင့် နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ အွန်လိုင်းအခမ်းအနားဖြင့် အကျဉ်းရုံး ကျင်းပသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောကြားသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စီးပွားရေး ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ(APEC CEO Dialogues)သို့ နိုဝင်ဘာ ၁၉ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ရန်ကုန်တိုင်းဒေသကြီး၌ တည်ဆောက်မည့် ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းတွင် လှိုင်သာယာဘူတာမှ လှိုင်မြစ်ကိုဖြတ်၍ ရန်ကုန်အရှေ့ပိုင်း ပါရမီဘူတာအထိ တည်ဆောက်မည့် Line -2 ၏ ပထမဆင့်အတွက် ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ၂ဒသမ၃ ဘီလီယံ ရှိနိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သိရသည်။
အာဒစ်အာဘာဘာ ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အာဖရိကတိုက်တွင် COVID-19 အတည်ပြုလူနာအရေအတွက်မှာ ၁,၉၉၈,၂၅၃ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) က ပြောကြားခဲ့သည်။