Connect with us

Environment, Disasters & Accidents

Express ကားယာဉ်မောင်းအိပ်ငိုက်၍ ရပ်ထားသော ယာဉ်ကို ဝင်တိုက်မိပြီး လူ ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ယာဉ်တိုက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသော လူနာများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၅/၀ အနီးတွင် ယနေ့ (မေ ၁၄ ရက်) နံနက် ၄ နာရီခွဲအချိန်၌ Express ယာဉ်မှ ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းဘေးတွင်ရပ်ထားသော Counter ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားကာ လူ ၂ ဦးသေဆုံး၍ ၂ ဦးဒဏ်ရာရခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသော လူနာများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ယာဉ်တိုက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသော လူနာများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

“Express ယာဉ်က ယောကျာ်းလေး၂ ယောက် ပွဲချင်းပြီးဆုံးတယ်၊ ၂ ယောက် ဒဏ်ရာရတယ်၊မစိုးရိမ်ရပါဘူး” ဟု ၎င်းက ဆိုသည်။

နေပြည်တော်မှ မန္တလေးဘက်သို့ ကုန်ပစ္စည်များတင်ဆောင် မောင်းနှင်လာသော Express ယာဉ်ပေါ်ပါ ကျား (၆) ဦးမှ ကျား (၂) ဦး သေဆုံး၍ ကျား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဥမင် နာရေးကူညီမှုအသင်းနှင့် 192 လူနာတင်ယာဉ်တို့ဖြင့် တံတားဦးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ Express ယာဉ်မှ ယာဉ်မောင်းအား အမှုဖွင့်အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)