ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ ယနေ့ (နိုဝင်ဘာ ၁၅ရက်) ညပိုင်းတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ COVID-19 သစ် ၉၈၃ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၅ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။လက်ရှိ မြန်မာနိုင်ငံတွင်...
ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် စတုတ္ထအကြိမ်မြောက် ဒေသဆိုင်ရာ ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP) ခေါင်းဆောင်များအစည်းအဝေးသို့ ယနေ့ (နိုဝင်ဘာ ၁၅ ရက်)နံနက်ပိုင်းတွင် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အသစ်ခန့်အပ်ခံရသော အမေရိကန်နိုင်ငံ ယာယီကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ခရစ်စတိုဖာမီလာ(Christopher Miller)က စစ်ပွဲအားလုံး အဆုံးသတ်ရမည်ဖြစ်ကြောင်း နှင့် တပ်ဖွဲ့ဝင်များအားလုံး အိမ်ပြန်ချိန်တန်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် စာချွန်လွှာတစ်ခုထဲတွင်ဖော်ပြခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် (၁၅)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်မှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်များအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ ၁၅ ရက်တွင် အတည်ပြုကြေညာ ပြီးစီးခဲ့ရာတွင် နိုင်ငံရေးပါတီ ၁၉ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၁,၁၁၃ ဦး...