Connect with us

Media

သမိုင်းအမွေအနှစ်နှင့်တီထွင်ဆန်းသစ်မှုအားပေါင်းစပ်ထားသည့် တူရကီရှိ ပြတိုက်ဟိုတယ်

အန်ကာရာ၊ မေ ၅ ရက် (ဆင်ဟွာ)

Antioch ခေတ်ကတည်းက မြို့ကြီးတစ်မြို့အဖြစ်ထင်ရှားခဲ့သည့် တူရကီနိုင်ငံတောင်ပိုင်းမြို့တစ်မြို့ဖြစ်သည့် Antakya မြို့တွင်  ရှေးခေတ် ၏ ကြီးကျယ်ခမ်းနားသောယဉ်ကျေးမှုအထိမ်းအမှတ်အမွေအနှစ်များစွာရှိသည်။ ထိုအထဲတွင် ဟိုတယ်တစ်လုံး၌ ရှေးဟောင်းယဉ်ကျေးမှု ရတနာပစ္စည်းများကိုတပါတည်း ခင်းကျင်းပြသပြီးဖွင့်လှစ်ထားရှိမှုကြောင့် ဒေသ၏ နောက်ဆုံးပေါ် အထင်ကရ နေရာတစ်ခုဖြစ်လာခဲ့သည်။

Antakya ပြတိုက်ဟိုတယ်သည် ၂၀၁၉ ခုနှစ်ကတည်းကဖွင့်လှစ်ထားသည့်ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်တစ်လုံးဖြစ်သည်။ ဟိုတယ်၌ ရောမခေတ် လက်ရာများနှင့်အံ့မခန်းလှပသည့် လက်မှုအနုပညာများကိုပေါင်းစပ်ဖန်တီးထားသည့် ဗိသုကာလက်ရာများကို ထည့်သွင်းပြင်ဆင်ထားရှိပြီး အလွန်ခေတ်မီသောဟိုတယ်တစ်ခု နှင့် တစ်ချိန်တည်းတွင် ပြတိုက်တစ်ခုအဖြစ်ဝန်ဆောင်မှုများကိုပေးသည်။

တိုင်လုံး ၆၆ ခုကိုထည့်သွင်းတည်ဆောက်ထားသောကြောင့် လာရောက်သူများသည် မကြာခဏ ၎င်းတို့အခန်းဝင်ပေါက်မှ သမိုင်းအမွေအနှစ်လက်ရာများအားလွန်စွာအံ့မခန်းဖြစ်ကြပြီး “ရှုခင်းတစ်ခုရှိသောအခန်းတစ်ခု”ဆိုသည်မှာ အမှန်တကယ်အဓိပ္ပါယ်ရှိကြောင်းပြောလေ့ရှိသည်။

ကောင်းစွာထိန်းသိမ်းထားသည့်အနုပညာလက်ရာများ နှင့်အတူ ပြတိုက်ထဲတွင် ၅ရာစု ရောမ ခေတ် သန့်စင်ခန်းများ၊ ခန်းနားလှပသော အပန်းဖြေနေရာတစ်ခု၊ ရုပ်တုများနှင့် လက်မှုပစ္စည်းများအပါအဝင် ရှေးဟောင်းယဉ်ကျေးမှူအမွေအနှစ်ပစ္စည်းများနှင့် နေရာများစွာပါရှိသည်။ အကြွင်းအကျန်များထဲတွင်ပါရှိသည့်အစိတ်အပိုင်း တစ်ပိုင်းသည် ဘီစီ တတိယ ရာစု သက်တမ်းမှ ဖြစ်ကြောင်း သိရသည်။

ဟိုတယ်ဧည့်ခန်းမှန်တံခါးများမှတစ်ဆင့်လာရောက်လည်ပတ်သူများသည် ကမ္ဘာပေါ်တွင်အကြီးဆုံး ဖြစ်ဖွယ်ရှိသည့် စတုရန်းမီတာ ၁၀၀၀ ကျော် ကျယ်ဝန်းသော နံရံဆေးပန်းချီများနှင့် ရှေးဟောင်း အနုပညာလက်ရာများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။

ပိုင်ရှင်၏ အဆိုအရ ဟိုတယ် အား  ၂၀၁၀ ပြည့်နှစ်တွင် တွေ့ရှိခဲ့သည့် ရှေးဟောင်းသုတေသနလုပ်ငန်းခွင်၌ တည်ဆောက်ခြင်းဖြစ်သောကြောင့် ကုန်ကျစရိတ်မှာ အလွန်မြင့်မားပြီးနှစ်ပေါင်းများစွာ ပေးချေနေခဲ့ရကြောင်းဆိုသည်။

Museum Hotel Antakya မှ CEO ဖြစ်သူ SABIHA ASFUROGLU ABBASOGLU က

“ဒီစီမံကိန်းဟာ အင်မတန်ကိုမှ ခက်ခဲတဲ့စီမံကိန်းတစ်ခုဖြစ်ခဲ့ပါတယ် ဘာလို့လည်းဆိုတော့ ကျွန်မတို့ဟာ သူများနဲ့မတူအောင်လုပ်ခဲ့ကြရလို့ပါပဲ ဒါဟာ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းတဲ့ နည်းလမ်းအသစ်တစ်ခုလည်းဖြစ်ပါတယ် ၊ ရှေးဟောင်းအမွေအနှစ်တွေကို ဖော်ထုတ်တယ်၊ နောက်ပြီး ရှေးဟောင်းအမွေအနှစ်တွေကိုခေတ်မီလောကနဲ့ပေါင်းစပ်တာမျိုးပါ၊ ဒါဟာကျွန်မတို့ဒေသ၊ ကျွန်မတို့နိုင်ငံနဲ့ လူသားမျိုးနွယ်အတွက် လက်ဆောင်တစ်ခုဖြစ်လာတယ်လို့ကျွန်မတို့က ယုံကြည်ထားပါတယ်၊ ရှင်တို့ဒီမှာကြည့်လိုက်ရင်ဒါက ရှင်သန်နေတာကိုတွေ့မှာပါ၊ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကလည်းလူတွေဒီမှာနေခဲ့တယ်၊ ဒီမှာပြုံရွှင်ခဲ့တယ်၊ ဒီမှာစကားတွေပြောတယ်၊ ဒီမှာ ရယ်မောပျော်ရွှင်ခဲ့ပါတယ်၊ ရှင်တို့ အဲဒီရဲ့စွမ်းအားကိုအမှန်တကယ်ခံစားမိမှာပါ ဒါက တကယ့်ကိုအချိန်ယန္တရားကြီးတစ်ခုလိုပေါ့” ဟုဆိုသည်။

Antakya သည် Hatay ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ဆီးရီးယားနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်လျက်ရှိကာ ရှေးဟောင်း Antioch ဒေသတွင်တည်ဆောက်ထားသောကြောင့် အဓိက ခရီးသွားကဏ္ဍနှင့်အချက်အချာကျသည့်နေရာတွင်ရှိသည်။

Museum Hotel Antakya မှ CEO ဖြစ်သူ SABIHA ASFUROGLU ABBASOGLU က

“ကျွန်မတို့ဟာ ဒီမှာ ခေတ်ဟောင်းနဲ့ခေတ်သစ်ကိုပေါင်းစပ်ခဲ့တာပါ၊ ဒါဟာ လူတွေကိုတော်တော်ဆွဲဆောင်နိုင်ပါတယ်ဘာလို့လည်းဆိုတော့ ဒီမှာ ထိုင်ကြ၊ကြည့်ကြတဲ့အခါမှာသူတို့ဟာ အဲဒီကနေ ခွန်အားတွေအားလုံးရနေသလိုမို့ပါပဲ၊ ဒီကိုလာတဲ့အခါ အိပ်ရာနိုးတာနဲ့ အချို့အခန်းတွေဆိုရင်ပြတိုက်ကိုမြင်တွေ့ရမှာပါ နောက်ပြီးတစ်ညလုံးပြတိုက်မှာပဲ အချိန်ကုန်နိုင်သလို ပြတိုက်ထဲမှာ အရင်က ဒီမှာနေထိုင်ကြတဲ့လူတွေလိုမျိုးလေ့လာနိုင်မှာဖြစ်ပါတယ်” ဟုဆိုသည်။

ဆင်ဟွာသတင်းထောက်များက အန်ကာရာမှ သတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)

………………………………..

(English Version)

Turkey’s museum hotel merges history and creativity

Once a thriving metropolis in the Antioch era, Turkey’s southern town of Antakya has many landmarks dating back to great ancient civilizations. A contemporary hotel that displays rare archaeological treasures is one of the latest landmarks here.

The Museum Hotel Antakya, a luxurious five-star hotel operating since 2019, features a hybrid architectural feat based on Roman mosaics and magnificent artifacts, serving as an ultra-modern hotel and a museum at the same time.

Clients often marvel at the splendidness of the history at the doorstep of their rooms, which were supported by 66 columns, giving the saying “a room with a view” a real meaning.

Along with the well-preserved mosaics, the museum comprises a range of ancient sites and antiques, including 5th-century Roman baths, a sumptuous villa, statues, and sculptural objects. A part of the ruins dates back to the third century B.C.

Through the glass in the hotel lobby, visitors can glimpse rubbled walls and an ancient streambed in addition to the mosaics of more than 1,000 square meters, which are considered one of the largest in the world.

According to the owner, construction costs of the hotel, which was built on an archaeological site found in 2010, have skyrocketed as it has been delayed for years.

Museum Hotel Antakya မှ CEO ဖြစ်သူ SABIHA ASFUROGLU ABBASOGLU က

SOUNDBITE 1 (English): SABIHA ASFUROGLU ABBASOGLU, CEO of Museum Hotel Antakya

“It was a very very hard project because you are trying to make something different and it’s a new way of protecting the old, revealing the old and combining the old with the new world.

We believed that it’s going to be a present for our region, country and for humanity. When you look at it here, you know that it’s alive. Thousands of years ago people lived there, smiled there, talked there, laughed there. You really feel the energy, it’s like a time tunnel. ”

Antakya, the capital of Hatay province, bordering Syria, sits over the ancient Antioch, and is a major tourism and gastronomy destination.

 

SOUNDBITE 2 (English): SABIHA ASFUROGLU ABBASOGLU, CEO of Museum Hotel Antakya

“We combined the old world with the new world. This is really attracting people because they sit here, they look here, and they feel all the energy of it. People when they wake up, some of the rooms see the museum and if you are spending a night at the museum, and in a museum where people have lived here before.”

Xinhua News Agency correspondents reporting from Ankara.

(XHTV)