ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် နီပေါ နိုင်ငံသားများကလည်း စည်းလုံးမှုရှိစွာ အတူပါရှိကြောင်း ဖော်ပြသည့်အနေဖြင့် နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်က “ကျွန်ုပ်တို့ အတူတကွရှိတယ်” ဟူသော ရည်ရွယ်ချက်ဖြင့် Trans Himalaya ဖွံ့ဖြိုးတိုးတက်မှုစင်တာနှင့်...
အန်ကာရာ ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတအာဒိုကန်က ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်အတွင်းရှိ တူရကီစစ်သားများအား နောက်ထပ်တစ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်လာပါက “ မည်သည့်နေရာတွင်မဆို ” ဆီးရီးယားစစ်တပ်အား လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ဖေဖော်ဝါရီ ၁၂ ရက်တွင် ခြိမ်းခြောက် ပြောဆိုလိုက်သည်။
လျှို့ယန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ လျှို့ယန်မြို့တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန် ရာနှင့်ချီသည့် ထရပ်ကားများဖြင့် တစ်မြို့လုံးပိုးသတ်ဆေးဖြန်းခဲ့ သည်။ဖေဖော်ဝါရီ ၁၁ ညပိုင်းတွင် ပြုလုပ်ခဲ့သော အဆိုပါ ပိုးသတ်ဆေးဖြန်းလုပ်ငန်းစဉ်အတွက် လူပေါင်း ၆၀၀ ကျော်ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ (Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံရှိ ပြည်သူများရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးအား အလဲထိုးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားကြောင်းသိရသည်။ သမ္မတရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပေကျင်းမြို့ရှိ Anhuali Community သို့သွားရောက်ပြီး ကပ်ရောဂါဆိုးကြီးကို ကာကွယ်တားဆီးနိုင်မှုနှင့် ထိန်းချုပ်မှုအခြေအနေတို့ကိုလေ့လာခဲ့သည်။ ရှီက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးပျံ့နှံ့မှုကို...