Connect with us

Myanmar

နေပြည်တော် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအတွင်း ခရိုင်အသစ်များ ထပ်မံတိုးချဲ့

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဖြတ်သန်းသွားလာသူများအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ)

ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ယခုထက်ပိုမို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၅ ခုတွင် ခရိုင် ၄၆ ခုအား ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်သောသတင်းအရ သိရသည်။

ထိုသို့ ခရိုင်အသစ်များ ထပ်မံတိုးချဲ့မှုများအနက် နေပြည်တော်၏ မူလဖွဲ့စည်းမှုတွင် ဥတ္တရခရိုင် ၊ ဒက္ခိဏခရိုင် တို့အပြင် ပျဉ်းမနားခရိုင် ၊ ဇေယျာသီရိခရိုင်တို့အား အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး၏ မူလဖွဲ့စည်းမှုတွင် အရှေ့ပိုင်းခရိုင် ၊ အနောက်ပိုင်းခရိုင် ၊ တောင်ပိုင်းခရိုင် ၊ မြောက်ပိုင်းခရိုင်တို့အပြင် ဗိုလ်တထောင်ခရိုင် ၊ ဒဂုံမြို့သစ်ခရိုင် ၊ တွံတေးခရိုင် ၊ ကျောက်တံတားခရိုင် ၊ မရမ်းကုန်းခရိုင် ၊ ကမာရွတ်ခရိုင် ၊ တိုက်ကြီးခရိုင် ၊ လှည်းကူးခရိုင် ၊ မှော်ဘီခရိုင် ၊ မင်္ဂလာဒုံခရိုင်တို့အား အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။မန္တလေးတိုင်းဒေသကြီး၏ မူလဖွဲ့စည်းမှုတွင် မန္တလေးခရိုင် ၊ ပြင်ဦးလွင်ခရိုင် ၊ ကျောက်ဆည်ခရိုင် ၊ မြင်းခြံခရိုင် ၊ ညောင်ဦးခရိုင် ၊ ရမည်းသင်းခရိုင် ၊ မိတ္ထီလာခရိုင်တို့အပြင် သပိတ်ကျင်းခရိုင် ၊ တံတားဦးခရိုင် ၊ အောင်မြေသာဇံခရိုင် ၊ အမရပူရခရိုင်တို့အား အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၅ ခုတွင် မူလက ခရိုင် ၇၅ ခရိုင် ဖွဲ့စည်းထားရာမှ ခရိုင် ၄၆ ခုကို အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည့်အတွက် စုစုပေါင်း ခရိုင် ၁၂၁ ခုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ လူမှုရေး စသည်တို့ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ယခုထက်ပိုမို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ ၊ ၂၈၄(ခ)တို့နှင့်အညီ မူလက ခရိုင် ၇၅ ခုဖြင့် ဖွဲ့စည်းထားရှိရာမှ ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၁၉/၂၀၂၂ ၊ ၃၂၀/၂၀၂၂ ၊ ၃၂၁/၂၀၂၂ ၊ ၃၂၂/၂၀၂၂ ၊ ၃၂၃/၂၀၂၂ ၊ ၃၂၄/၂၀၂၂ ၊ ၃၂၅/၂၀၂၂ ၊ ၃၂၆/၂၀၂၂ ၊ ၃၂၇/၂၀၂၂ ၊ ၃၂၈/၂၀၂၂ ၊ ၃၂၉/၂၀၂၂ ၊ ၃၃၀/၂၀၂၂ ၊ ၃၃၁/၂၀၂၂ ၊ ၃၃၂/၂၀၂၂ ၊ ၃၃၃/၂၀၂၂ တို့ဖြင့် ခရိုင် ၄၆ ခုအား ထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)